News

POST SECTION

CRIME-AND-ACCIDENT

14-Oct-2016
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အုပ်စုမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းနေထိုင်ရာ ကျေးရွာမှ စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီခွဲက ပန်းရောင်းရန် ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်၍ မော်လမြိုင်မြို့ရှိ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ကာ အလုပ်စေခိုင်းခဲ့ကြောင်း ယင်းအမျိုးသမီးငယ်၏ အုပ်ထိန်းသူက ပြောကြားသည်။
13-Oct-2016
လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်လုပ်ခွင့် လိုင်စင် မရှိဘဲ ရွှေကျားညီနောင် အမှတ်တံဆိပ်ပါ စွမ်းအားပြည့် သဘာဝ အားဖြည့်ဆေးနှင့် အကြော သန်မာဆေးများကို ရောင်းချနေသည့် အမျိုးသမီး တစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ် မြေရဲစခန်းမှ တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁/ ၃၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
13-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရှင်းမန်ရွှေဆိုင်၌ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။
10-Oct-2016
လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော Facebook တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့်ပုံများ ဖော်ပြခဲ့သော ZawZaw (ခ) ငဖာ အကောင့်ပိုင်ရှင်ကို အောက်တိုဘာလ ၁ဝ ရက် နံနက် ၁ဝ နာရီခွဲက ဖမ်းမိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းထံမှ သိရှိရသည်။
09-Oct-2016
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ်(၈)ရပ်ကွက် စတီးလမ်းရှိ ချမ်းရိပ်မွန် ဧည့်ဂေဟာပိုင်ရှင် အမျိုးသမီးကို ယနေ့ (အောက်တိုဘာ ၉ ရက်) မွန်းလွဲ ၁ နာရီခန့်က အခန်းအမှတ် 04 တွင် တည်းခိုနေသူ အမျိုးသားက အနုကြမ်းစီးကာ ငွေများ လုယက် သွားခဲ့ကြောင်း မိသားစုဝင်များထံမှ စုံစမ်း သိရှိရသည်။
09-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် ရပ်တော်မူ ဘုရားကြီး ကုန်းဆင်း၌ အောက်တိုဘာ ၈ ရက် ည ၇ နာရီခန့်က လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ် စီးနင်းလာသည့် တပ်မတော်သား တစ်ဦးနှင့် လူငယ် တစ်ဦးတို့က လုယူ ထွက်ပြေးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
08-Oct-2016
ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခုတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ပြီး ခိုးယူသွားသည့် မတ်တူး ရွှေငါး အဖြူရောင်ယာဉ်ကို အောက်တိုဘာလ ၈ ရက် ညနေ ၄ နာရီခွဲက ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းအနီး ကမ်းနားလမ်းပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Oct-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်မြို့ ရွာမ (၂) လမ်း နေအိမ်တစ်အိမ်မှ နောက်ဖေးနွားတင်းကုတ် အတွင်း၌ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၁၀ နှစ်အရွယ် ပဉ္စမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ညောင်ပင်သာ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
08-Oct-2016
ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Oct-2016
လူသတ်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသား အချုပ်သားတစ်ဦး မြောက်ပိုင်းခရိုင် တရားရုံး အချုပ်ခန်းမှ အောက်တိုဘာလ ၆ ရက် နံနက် ၁၁ နာရီက ထွက်ပြေး လွတ်မြောက်သွားကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
07-Oct-2016
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် တရား စွဲဆိုခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးအနက် သုံးဦးအတွက် ရှေ့နေ လိုက်ပါ ဆောင်ရွက်မည့်သူ မရှိသောကြောင့် အမှု စစ်ဆေးမှု မစတင်နိုင်သေးကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
05-Oct-2016
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၁၅ ပေ ခုံးတံတားအောက်၌ ယနေ့(အောက်တိုဘာ ၅ ရက်) နံနက် ၃ နာရီက အမျိုးသားတစ်ဦး သစ်သားတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်
05-Oct-2016
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၁၅ ပေ ခုံးတံတားအောက်၌ ယနေ့(အောက်တိုဘာ ၅ ရက်) နံနက် ၃ နာရီက အမျိုးသားတစ်ဦး သစ်သားတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်
05-Oct-2016
"ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ငွေနှစ်သောင်း မပေးရင် သတ်ပစ်မယ်လို့ နိုင်ဝင်းထွန်းက ခြိမ်းခြောက်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးက သူ့ကို ငွေတစ်သောင်း ထုတ်ပေးလိုက်ရတယ်။ ရပ်ကွက်ထဲမှာ သူမိုက်ကြေးခွဲပြီး ငွေတောင်းယူထားတဲ့လူတွေ မနည်းဘူး။ ဖမ်းမိချိန် သောင်းကျန်းနေလို့ အင်းစိန်ထောင် ပို့လိုက်ရတယ်"
05-Oct-2016
နေပြည်တော် ပြည်သူ့လွှတ်တော်ရုံး၌ အမျိုးသမီး ဝန်ထမ်း အချင်းချင်း ဓားထိုးမှု ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် သတင်း မီဒီယာများထံမှ သိရသည်။