News

POST SECTION

CRIME-AND-ACCIDENT

23-Oct-2016
ဒဂုံအရှေ့မြို့နယ်၊ စိတ်ကျန်းမာရေး ဆေးရုံဝင်းတွင် အောက်တိုဘာလ ၂၂ ရက် ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးများ လာရောက် ရောင်းချနေသော အမျိုးသား နှစ်ဦးထံမှ ဘိန်းဖြူဟု ယူဆရသော အမှုန့်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
23-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ဝမ်လောက်ရွာလမ်းပေါ်၌ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး လှည့်လည်ရောင်းချသူ တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စ (၂၈) ထံမှ စုံစမ်းသိရသည်။
23-Oct-2016
အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်းတွင် ယနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် ၄ နာရီက နှစ်ထပ်ပျဉ်ထောင်နေအိမ် တစ်လုံး မီးလောင်ကျွမ်းရာမှ အနီးရှိ လက်ဖက်ရည်ဆိုင်နှင့် ဧရာဝတီဘဏ် အဆောက်အအုံတို့ကို မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
22-Oct-2016
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းရှိ ညောင်ပင်မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်ရန် ကြံစည်ပြီး ဓားဖြင့်ထိုး၍ ယာဉ်ပေါ်မှ ပစ်ချခဲ့သော အမည်မသိ ယာဉ်မောင်း အမျိုးသားကို ဖမ်းဆီး အရေးယူရန် စုံစမ်းနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
21-Oct-2016
အိမ်အကူ နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်သဖြင့် နာကျင်စေမှုများဖြင့် အမှုဖွင့် တရားစွဲဆိုသည့် ကျောက်တံတား ရဲစခန်းမှ ဒုရဲမှူးတိုးမြို့ကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျောက်တံတား မြို့နယ်တရားရုံး၌ စတင် စစ်ဆေးနေပြီဖြစ်သည်။
21-Oct-2016
"ရွာပြင်မှာနေတဲ့ ကိုစိုးမင်းတို့ မိသားစုဆီ ပြစ်မှုကျူးလွန်သူက အလည်လိုက်လာရာက မင်းတို့ အိမ်တွေမှာ တစ္ဆေသရဲတွေ ဝင်ပူးနေတယ်။ ငါက ပယောဂဆရာ တစ်ယောက်ပါ သရဲမောင်းထုတ်ပေးမယ် ပြောပြီး တဲအိမ်လေးလုံးက မိသားစု အယောက် ၂၀ ကို စည်းဝိုင်းထဲထည့်ပြီး ကလေးငယ်တွေကို သူက ထိုးကြိတ် ကန်ကျောက်ခဲ့တာ။ သုံးယောက် သေသွားတယ်။ တစ်ယောက်က ရန်ကုန်ဆေးရုံမှာ"
21-Oct-2016
အောက်တိုဘာလ ၂၀ ရက်ည ၁၀ နာရီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ဆယ်လန့်ရွာအထွက် နမ့်ခမ်း မရောက်ခင် ၂ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
20-Oct-2016
မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို ခံရသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို အောက်တိုဘာလ ၂ဝ ရက် မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုမှ တရားလို ရဲအရာရှိကို စတင် စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။
20-Oct-2016
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြား ၁၆၈၅ ပြားကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
19-Oct-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ဝမ်လုံးအုပ်စု မကာကျေးရွာ၌ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က တူမီး သေနတ်ဖြင့် ပြန်လည် ခုခံရန် ကြိုးစားသည့် လူသတ်မှု တရားခံဟုဆိုသူကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မိုင်းဖြတ် မြို့မစခန်းထံမှ စုံစမ်း သိရှိရသည်။
17-Oct-2016
မှနပှှညနှယှ ပေါငမှှို့နယှ ဘန့ဘှှေးကုနှးကှေးရှာအနီး လမှးမပေါှ၌ ယနေ့ (အောကတှိုဘာ ၁၇ ရကှ) နံနကှ ၅ နာရီခှဲခန့ကှ ဘုရားဖူး လိုကထှရပယှာဉတှဈစီး တိမှးမှောကခှဲ့ရာ ယာဉအှကူ အမှိုးသားေ သဆုံးပှီး ၁၅ ဦး ထိခိုကဒှဏရှာ ရရှိခဲ့ကှောငှး ပေါငမှှို့နယှ ရဲတပဖှှဲ့မှူးရုံးထံမှ စုံစမှးသိရှိရသညှ။
15-Oct-2016
“မနက် ၆ နာရီ လောက်က တိုးဂိတ်အကျော်မှာ ဆိုက်ကားကို တိုက်မိပြီး ပုသိမ်ဘက်ကို မမောင်းဘဲ အထောင်-အိမ်မဲလမ်းဘက်ကို မောင်းပြေးတာ၊ ဒိုးတန်း ကျေးရွာအနား ရေခလုပ်ကျေးရွာအုပ်စု ပေါက်ငူရွာ လမ်းမပေါ်ကနေ လမ်းဘေးကို ထိုးကျပြီး နွံနစ်သွားတယ်။ ကား ဆက်သွားလို့မရတော့ဘဲ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်”
15-Oct-2016
ရန်ကုန် မန္တလေး အမြန်လမ်း မိတ္ထီလာမြို့နယ် မိုင်တိုင်၂၆၂ အနီးတွင် အကယ်ဒမီ ခရီးသည်တင်ယာဉ်ကို မိုးကောင်း ခရီးသည်တင်ယာဉ်က နောက်မှ ဝင်တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ကြက်ခြေနီစခန်း (သီးကုန်း )မှ စုံစမ်း သိရှိရသည်။
14-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နမ့်ဘော်အော့ရွာဟောင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
14-Oct-2016
အိမ်အကူ မိန်းကလေးနှစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် မိသားကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။