News

POST SECTION

CRIME-AND-ACCIDENT

23-Mar-2017
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာ၌ မတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ခွဲခန့်က အရက်သောက်ထားသည့် အမျိုးသားတစ်ဦး ပုခက်စီးရာမှ ပြုတ်ကျ၍ ပုခက်ကြိုး လည်ပင်းကို ချိတ်မိပြီး သေဆုံးသွားကြောင်း ကျောက်ကြီးမြို့မ ရဲစခန်းထံမှ သိရသည်။
22-Mar-2017
အလုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့ ဗဟိုလမ်းနှင့် နှင်းဆီးကုန်း လမ်းထောင့်တွင် ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၁၁ နာရီခွဲက သက်တမ်းရင့် စိန်ပန်းပင်တစ်ပင် ပြိုလဲကျရာမှ လမ်းဘေးရပ်ထားသည့် အငှားယာဉ် တစ်စီးပေါ် ပိမိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
22-Mar-2017
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ် စီးနင်းနေသူတစ်ဦး ယနေ့ (မတ်လ ၂၂ ရက်) နံနက်ပိုင်းက သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
21-Mar-2017
ဂုဏ်သိက္ခာ ညိုးနွမ်းစေသည့် စကားများ လူမှုကွန်ရက်ပေါ်တင်သည်ဟု ဆိုကာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် မိခင်ဖြစ်သူက အသက် ၂၁ နှစ်အရွယ် သားဖြစ်သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မတ်လ ၂၀ ရက်နေ့ ညနေက အမှုဖွင့့်ထားကြောင်း မုန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
21-Mar-2017
မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်ခုတွင် သမီးရည်းစား ချိန်းတွေ့ပြီးနောက် ခြင်ဆေးခွေမီးကို ငြှိမ်းသတ်ခဲ့ခြင်း မရှိ၍ မတ်လ ၁၉ ရက်နေ့ညက နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။
20-Mar-2017
စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ဈေးဝယ်သူ ဟန်ဆောင်၍ ဆိုင်ရှင်များ၏ လက်ကိုင်ဖုန်းများကို ခိုးယူနေသော အမျိုးသမီး ငါးဦး ပါဝင်သည့် ခုနစ်ဦးအဖွဲYကို မတ်လ ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Mar-2017
တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် ပြည်ထောင်စုလမ်းဘေးရှိ လူမနေသည့် သွပ်မိုးပျဉ်ထောင် နေအိမ်တစ်လုံးကို ကျပ် ၁၀ သိန်းဖြင့် လက်ညှိုးထိုး ရောင်းခဲ့သော အမျိုးသားကို ယနေ့ (မတ်လ ၁၉ ရက်)ညတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Mar-2017
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်စစ်သား လမ်းဘေးရှိ ရေမြောင်းစပ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်း စွန့်ပစ်ထားမှုမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူကို မတ်လ ၁၇ ရက်နေ့က ဖမ်းမိ
17-Mar-2017
တောင်ငူမြို့နယ် ကေတုမတီမြို့သစ် နည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသားတစ်ဦး ယနေ့ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တက္ကသိုလ် ကျောင်းသားများ လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
17-Mar-2017
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ကုန်းသာကျေးရွာအုပ်စု တောပုကျေးရွာတွင် မတ်လ ၁၅ ရက် ညနေ ၅ နာရီခွဲက ဘိလိယက်ထိုးရင်း စကားများ ရန်ဖြစ်ရာမှ ဦးလေးက တူဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မ ရဲစခန်းထံမှ သိရှိ ရသည်။
17-Mar-2017
တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝင်းတွင် ကြိုးဆွဲချ သေဆုံးခဲ့သူ ဒုဦးစီးမှူး၏ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ရာ ငွေစာရင်း ကွာဟမှုကြောင့် အဆုံးစီရင်ခဲ့ကြောင်း ၎င်း၏ ချစ်သူထံ ပေးပို့ထားသည့် message တစ်စောင်ကို တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။
15-Mar-2017
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ အနော်ရထာလမ်းတွင် ညဉ့်နက်ချိန်မှ နေအိမ်ပြန်လာသည့် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး တိုက်နောက်ဘက်ရှိ အရေးပေါ် လှေကားမှ ခြောက်လွှာရှိ ၎င်း၏ အခန်းသို့တက်စဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Mar-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ရွာ၌ နေထိုင်ပြီး အရွယ်မရောက်သေးသည့် မွေးစားသမီးငယ်ကို ငါးတန်းအရွယ်မှစ၍ သုံးနှစ်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် မွေးစားဖခင်ကို မတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က အမှုဖွင့် အရေးယူထားကြောင်း
14-Mar-2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက တရားမဝင် ခိုးဝင်လာသော ဗီယက်နမ် နိုင်ငံသား ၇ ဦးကို ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရသည်။
14-Mar-2017
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အင်ဒိုင်းကျေးရွာ နေအိမ်တစ်ခုတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။