News

POST SECTION

CRIME-AND-ACCIDENT

06-Apr-2017
မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ရှိ ကွန်ကရစ်လမ်းဘေး တစ်နေရာတွင် ဧပြီလ ၅ ရက်နေ့ မွန်းလွဲက နောက်ကျော ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ်ရှိ ပုလဲနာရေး ကူညီမှုအသင်းထံမှ စုံစမ်း သိရှိရသည်။
06-Apr-2017
ပြည်မြို့ အောင်ချမ်းသာရပ်ကွက် ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး ၂ ဝန်ထမ်းအိမ်ရာတွင် အသက် ၄၂ နှစ်အရွယ် ပြည်နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာမကို ဧပြီလ ၅ ရက် ည ၁၁ နာရီခန့်ကသတ်ပြီး အလောင်းဖျောက်ရန် ကြံစည်သူကို ဖမ်းမိကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
04-Apr-2017
အိမ်အကူမိန်းကလေးကို နှိပ်စက်ခဲ့သည့် အိမ်ရှင်လင်မယားနှစ်ဦးကို အမရပူမြို့နယ် တရားရုံးက ကျပ်သိန်းနှစ်ဆယ်ဖြင့် ဧပြီလ ၃ ရက်နေ့က အာမခံ ပေးခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။
04-Apr-2017
မန္တလေးမြို့တော်ရှိ အထင်ကရ ဦးပိန်တံတားတွင် ယနေ့ (ဧပြီလ ၄ ရက်) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လာရောက် လည်ပတ်သည့် အမျိုးသားတစ်ဦး တံတားပေါ်မှပြုတ်ကျကာ ရေနစ် သေဆုံးခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Apr-2017
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းစုရှိ နတ်ရှင်ကျေးရွာတွင် ဧပြီလ ၃ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာသည့် တရားခံကို လမ်းတွင်ဖြတ်၍ ရဲတပ်ဖွဲ့ထံမှ သေနတ်လုယူရန် ကြံစည်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် သန်းဌေးက အတည်ပြု ပြောကြားသည်။
03-Apr-2017
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ဆွာမြို့ နဂျပ်အနောက်ကျေးရွာ နေအိမ်တစ်လုံးတွင် ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက ဟင်းမချက်ထားသည်ကို ခင်ပွန်းသည်က ဆူပူသဖြင့် အသက် ၁၉ နှစ်အရွယ် မိန်းကလေး ပိုးသတ်ဆေးသောက် သေဆုံးခဲ့ကြောင်း ဆွာနယ်မြေရဲစခန်းထံမှ သိရသည်။
02-Apr-2017
လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက် မဲရုံအမှတ် (၈) တွင် ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အယောင်ဆောင်မဲပေးရန် စေခိုင်းသူတစ်ဦးနှင့် ဆန္ဒမဲပေးခဲ့သူနှစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Apr-2017
တာမွေမြို့နယ် ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်၊ ဗညားဒလလမ်းရှိ ကွမ်းသီးစိတ် အလုပ်ရုံတွင် လုပ်ကိုင်နေသော ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အလုပ်ရှင် အမျိုးသားကို မတ်လ ၃၁ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Apr-2017
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၆ အနီးတွင် ယနေ့ (ဧပြီလ ၂ ရက်) နံနက်ပိုင်းက ခြောက်ဘီးကားတစ်စီး ယာဉ်မောင်း အိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ သိရှိရသည်။
01-Apr-2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဧဒင်ကျေးရွာတွင် မတ်လ ၃၁ ရက် ညနေ ၅ နာရီခန့်က ဖခင်ဖြစ်သူကို သားဖြစ်သူက သစ်သားတုတ်ဖြင့် ရိုက်ခဲ့၍ သေဆုံးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
28-Mar-2017
မှော်ဘီမြို့နယ်၊ ဖူးကြီး၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရုံးတွင် မတ်လ ၂၆ ရက် ည ၁၀ နာရီခန့်က သွပ်ပြားများ ဝင်ရောက်ခိုးယူသည့် အမျိုးသားလေးဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Mar-2017
ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးရှိ Water Park ဥယျာဉ်တွင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က သမီးရည်းစားချင်း စကားများရာမှ အမျိုးသားက ဓားနှင့်ထိုးသည့်အတွက် အမျိုးသမီး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Mar-2017
အသက်မပြည့်သူ မိန်းကလေး နှစ်ဦးအား ခိုးယူပေါင်းသင်းမှုများဖြင့် အမျိုးသားနှစ်ဦးကို မတ်လ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့် ချမှတ်ခဲ့သည်။
23-Mar-2017
ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အိုလံပစ်ဟိုတယ်အခန်း တစ်ခုတွင် မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က အခန်းသန့်ရှင်းရေး လုပ်ရာမှ တည်းခိုသူ ကျန်ရှိခဲ့သည့် Brretta အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၀ တောင့်ကို တွေ့ရှိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
23-Mar-2017
လမ်းမတော်မြို့နယ် အနော်ရထာလမ်းရှိ ကေတီဗီဆိုင်တစ်ခုတွင် ယနေ့ (မတ်လ ၂၃ ရက်) နံနက်က ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။