News

POST SECTION

CRIME-AND-ACCIDENT

15-Oct-2017
တောင်ငူမြို့နယ် အမှတ် ၈ ရပ်ကွက် AGD ဘဏ်ရှေ့တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို စစ်ဆေးခဲ့ရာမှ အောက်တိုဘာလ ၁၀ ရက်က ငွေသားအချို့နှင့် ဖုန်းနှစ်လုံးပါသည့် လက်ကိုင်အိတ်ကို လုယက်ခဲ့သူဖြစ်ကြောင်း တောင်ငူခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်တင်ဦးက ပြောကြားသည်။
14-Oct-2017
လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ ဦးသန်းငွေ (၅၁ နှစ်) က ဇနီးဖြစ်သူ ဒေါ်ဌေးဌေး(၄၁ နှစ်ခန့်) ၏ ဦးခေါင်းကို ပေါက်တူးဖြင့် ခုတ်သတ်ခဲ့မှု အောက်တိုဘာလ ၁၃ ရက် ညဦးပိုင်းက ပဲခူးမြို့၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု ကျုံပကန်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရှိရသည်။
14-Oct-2017
အရက်သောက်စားပြီး မိသားစုကို ကြိမ်းဝါးသည်ဆိုကာ ဖခင်ကို အသက် ၁၂ နှစ်အရွယ် သားအရင်းက ဓားဖြင့်ခုတ်သတ်ခဲ့မှု မကွေးတိုင်း၊ မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မင်းလှမြို့မရဲစခန်းထံမှ သိရှိရသည်။
14-Oct-2017
မြစ်ကြီးနားမြို့ အေးစေတီရပ်၊ တောင်သူကြီးလမ်းတွင် အောက်တိုဘာလ ၁၃ ရက် ညနေပိုင်းက နေအိမ်တွင်ရှိနေစဉ် သားအမိနှစ်ဦး ဓားဖြင့် အချက်များစွာ ထိုးသတ်ခံရကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းထံမှ သိရှိရသည်။
13-Oct-2017
ကျောက်တံတားမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ Ruby Mart ရှေ့တွင် အောက်တိုဘာလ ၁၁ ရက် ည ၉ နာရီခန့်က ကျပ်သိန်း ၇၀ နီးပါးတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ အသက် ၄၆ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Oct-2017
လူသတ်မှုဖြင့် ထောင် အကြိမ်ကြိမ် ကျခဲ့သော ရွှေပြည်သာမှ လူမိုက်ဟုဆိုသူ ကျော်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူဟုဆိုသည့် အမျိုးသား သုံးဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Oct-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-တာချီလိတ်လမ်း နောင်နွန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က တုံတာမြို့ ခေတ္တ အုပ်ချုပ်ရေးမှူး၏ ကားကို စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
13-Oct-2017
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်အနီး နေထိုင်သူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဘုရားရင်ပြင်တော် ရဲကင်းမှ သိရသည်။
13-Oct-2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အနီး ပြည်ထောင်စုလမ်းတွင် ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာယာဉ် မီးလောင်ရာအနီးရှိ နေအိမ်၊ ဆိုင်နှင့် မော်တော်ယာဉ်များ မီးလောင်ဆုံးရှုံးခဲ့သူ ၁၀ ဦးကို ဆီဘောက်ဆာကုမ္ပဏီက အောက်တိုဘာလ ၁၁ ရက် နှင့် ၁၂ ရက်နေ့တို့တွင် လျော်ကြေးငွေ ကျပ်သိန်း သုံးထောင်ကျော် ပေးအပ်ခဲ့သည်။
13-Oct-2017
ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်ထားသော အလုံပိတ် အအေးဆိုင်သုံးခုမှ ဆိုင်ရှင်များကို ကျပ်နှစ်သိန်းစီ ဒဏ်ရိုက် အရေးယူထားကြောင်း မြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Oct-2017
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် သီတာလမ်းမကြီး တွင်ရှိ မြို့ဝန်ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီက အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။
11-Oct-2017
ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူ၏ တူဝမ်းကွဲတော်စပ်သူ ကျဲအိုလျန်မန်း အသတ်ခံရမှုကို ဖော်ထုတ် အရေးယူနိုင်ရန် လူ ၃၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Oct-2017
ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ တော်ဝင်လမ်းရှိ ကျူးကျော်နေအိမ် တစ်လုံးတွင် နေထိုင်သော ထောင်ထွက် လူမိုက်ဟုဆိုသည့် အမျိုးသားတစ်ဦးကို ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခွဲခန့်က ဗဟန်းမြို့နယ်မှ လူမိုက်အဖွဲ့က ဓားနှင့်ခုတ်သတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Oct-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မယ်ကျန့်ရွာနှင့် ပူနားကိုရွာကြားရှိ ရော်ဘာတောတွင် အောက်တိုဘာလ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အသက် ၃၀ ခန့် အမျိုးသားတစ်ဦးမှာ ရော်ဘာပင်ခွ ကြားညပ်ကာ သေဆုံးခဲ့ကြောင်း မိုင်းဆတ် မြို့မရဲစခန်းထံမှ သိရသည်။
11-Oct-2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခန့်က ကားတစ်စီးဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်း အပါအဝင် လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း စခန်းကြီးနယ်မြေရဲစခန်းထံမှ သိရသည်။