News

POST SECTION

CRIME-AND-ACCIDENT

24-Dec-2017
သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရေး ဆောင်ရွက်စဉ် ဒေသခံတစ်ဦးကို ပါးရိုက်ခဲ့သည်ဟု တိုင်ကြားခံရသည့် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့ တရားရုံး ဒုမြို့နယ်တရားသူကြီး ဦးဇော်စံလူက ပြောကြားသည်။
23-Dec-2017
ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း အိမ်ရာဝင်းရှိ မြေညီထပ် တိုက်ခန်းတစ်ခု တွင် အခန်းတံခါး လော့ကျနေသဖြင့် သော့ပြင်သည့် အမျိုးသားကို ခေါ်ပြင်သည့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ၎င်း၏ စိန်ထည်ပစ္စည်းများကို ခိုးယူခံရကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
23-Dec-2017
ဆေးဝါးကုသခွင့် ထောက်ခံချက် ရရှိထားသော မူးယစ်ဆေးစွဲ လူနာနှစ်ဆယ်ဦးကို ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပထမဆုံး လက်ခံ၍ အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။
22-Dec-2017
မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်သောကြောင့် စီမံကိန်းနှင့် မလွတ်ကင်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ် အဆောက်အအုံကို ဒီဇင်ဘာလ တတိယပတ်မှ စတင်ကာ ဖြိုဖျက်နေကြောင်း၊ ဖျက်သိမ်းရေးလုပ်ငန်း ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
21-Dec-2017
ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသည့် 199 Call Center ထံသို့ ဖုန်းဆက်ပြီး လီဆယ်သတင်းပေး တိုင်ကြားသည့် အမျိုးသားကို ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်)က ရွှေပြည်သာမြို့နယ် တရားရုံးတွင် မမှန်သတင်းပေးမှု ရာဇသတ်ကြီး ပုဒ်မ ၁၈၂ အရ ထောင်ဒဏ် သုံးလကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Dec-2017
ဒလမြို့နယ်တွင် ရည်းစားနှင့်ချိန်းတွေ့ပြီး ထန်းရည်သောက်ရာမှ မူးနေသည့် မိန်းကလေးကို နေအိမ်ပြန်လိုက်ပို့ပေးသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားက မဖွယ်မရာပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Dec-2017
ဧရာဝတီတိုင်း အမာမြို့နယ် တယ်ပင်ဆိပ် ကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် ၁၄နှစ်အရွယ် မိန်းကလေးကို ကျေးရွာရှိ လေးကျွန်းမာန်အောင် ဘုန်းတော်ကြီးကျောင်းမှ အသက် ၅၄ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်က အဓမ္မကျင့်ကာ ခိုးယူပေါင်းသင်းရန် ကြံစည်သဖြင့် လူဝတ်လဲကာ ဖမ်းဆီးအရေးယူထားကြောင်း အမာနယ်မြေ ရဲစခန်းထံမှ သိရသည်။
21-Dec-2017
လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ရတနာမွန် (၆) လမ်းပေါ်တွင် ဒီဇင်ဘာလ ၂၀ ရက် နံနက် ၂ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးဖြင့် မူးယစ်ဆေးဝါးများ လှည့်လည်ရောင်းချသည့် အသက် ၁၈ နှစ်အရွယ် အင်္ဂလိပ်စာမေဂျာ ပထမနှစ် ကျောင်းသားတစ်ဦးနှင့် စားပွဲထိုး လုပ်ကိုင်နေသူတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
21-Dec-2017
သာကေတမြို့နယ်၊ ၁ဝ/မြောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အိမ်အကူ အလုပ်လုပ်ကိုင်နေသော အသက် ၂၂ နှစ်အရွယ် အမျိုးသမီးကို အိမ်ရှင်၏ သားဖြစ်သူ ဆရာဝန်က အဓမ္မပြုကျင့်မှုဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ယင်းဆရာဝန်ကို သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Dec-2017
ရန်ကုန်မြစ်အတွင်း ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၄ နာရီခန့်က လူ ၁၄ ဦးပါ စက်လှေနစ်မြုပ်ခဲ့ပြီး ပျောက်ဆုံးသူသုံးဦးကို နစ်မြုပ်ပြီး ၁၂ နာရီကြာသည့်အထိ ကယ်ဆယ်ရေးအဖွဲ့က ရှာမတွေ့သေးကြောင်း ကမာကဆစ်ကျေးရွာရှိ မိသားစုဝင်များက အတည်ပြုပြောကြားသည်။
21-Dec-2017
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် အင်္ဂပိုလမ်းရှိ ရွှေခြင်္သေ့ စက်သုံးဆီဆိုင်အတွင်း ဗုံးအတုထောင်၍ ငွေကျပ်သိန်းနှစ်ရာ တောင်းခံမှု ဒီဇင်ဘာလ ၂၀ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
20-Dec-2017
မန္တလေးမြို့ ချမ်းမြသာစည်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် သံဃာ ၆ ပါးအမှု လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ်တရားရုံးထံမှ သိရသည်။
20-Dec-2017
ရခိုင်သတင်းသမား တစ်ဦးဖြစ်သည့် ရိုးမတိုင်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုကျော်လင်း (ရောင်စုံ)မှာ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီခန့်က စစ်တွေမြို့ အဝေးပြေး ကားဂိတ်အနီးတွင် ဆိုင်ကယ် စီးလာသော အမျိုးသားနှစ်ဦးက သုံးမြှောင့်ဆူးဖြင့်ထိုးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ကိုကျော်လင်း၏ မိတ်ဆွေ အမျိုးသားတစ်ဦးက ပြောကြားသည်။
20-Dec-2017
ဧရာဝတီတိုင်းရှိ ကျေးရွာများတွင် ချေးငွေရရှိမည်ဟုဆိုကာ လိမ်လည် ငွေကြေးကောက်ခံနေသော တရားမဝင်အဖွဲ့များကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။
20-Dec-2017
အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူကို မူးယစ်စေသော အချိုရည်တိုက်ကာ တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုသော အသက် ၂၂ နှစ်အရွယ် သန်းကိုကိုမောင်ကို အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ်ကျခံစေရန် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် အမိန့်ချခဲ့သည်။