News

POST SECTION

CRIME-AND-ACCIDENT

07-Sep-2017
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် ကျောက်တစ်လုံးလမ်းအနီး အမှိုက်ပုံအနီးတွင် ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်က အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသော ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Sep-2017
မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း အိုးရှင်းစင်တာရှေ့ရှိ Farmer Money Changer ဆိုင်ထဲတွင် သေနတ်ပစ်ဖောက်ပြီး ငွေများလုယက်ရန် ကြံစည်ခဲ့သူနှင့် ယင်းအမှုမှ ပါဝင် ပတ်သက်ခဲ့သူများကို ရဲတပ်ဖွဲ့မှအချိန် တစ်လကြာအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လူမှုကွန်ရက် စာမျက်ပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
06-Sep-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ မြို့သစ်ရပ်ကွက် နမ့်ခုတ်ချောင်းတွင် ယနေ့(စက်တင်ဘာလ ၆ ရက်) နံနက်က လက်ထိပ်ခတ်ခံရပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားတစ်ဦးအလောင်းကို တွေ့ရှိကြောင်း မိုင်းဆတ်မြို့မ ရဲစခန်းထံမှ သိရသည်။
06-Sep-2017
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ၊ ရိုးကြီးကျောင်းလမ်းတွင်နေထိုင်သော အသက် ၅၁ နှစ်အရွယ် ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
03-Sep-2017
မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ခုံးကျော်တံတားအနီး အဝိုင်းမှတ်တိုင်တွင် စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက အရှိန်ပြင်းစွာမောင်းလာသည့် YBS (၆၄) ယာဉ်တစ်စီးက ခရီးသည်တင်ယာဉ် သုံးစီးနှင့် အငှားယာဉ် နှစ်စီး၊ ကိုယ်ပိုင်ယာဉ် တစ်စီးတို့ကို ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Sep-2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်ပေါက်ရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စက်တင်ဘာလ ၁ ရက် ည ၇ နာရီခန့်က အသက် ၂၉ နှစ်အရွယ် အထက်တန်း သူနာပြုဆရာမ တစ်ဦး လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Sep-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းဝင်းရှိ မိသားစု နေအိမ်လိုင်းခန်း အနီးတွင် စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ဝန်းကျင်က ရဲတပ်ကြပ်တစ်ဦး ရေမြောင်းထဲ ပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Sep-2017
ပဲခူးတိုင်းဒေသကြီး သွယ်တန်မြို့နယ် သာဂရမြို့ ကန်သာယာရပ်ကွက် နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီ သွယ်တန်းထားသည့် ဝါယာကြိုးကို ပါးစပ်နှင့် ကိုက်ဖတ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
30-Aug-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းတွင် အချုပ်သား သုံးဦးသည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်က အချုပ်ခန်းဖောက် ထွက်ပြေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
30-Aug-2017
တိုက်ကြီးမြို့တိုးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေမှူးများက ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၁ နာရီခန့်က ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ် ပြည်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော NISSAN AD VAN ကားတစ်စီးပေါ်မှ လက်လုပ်သေနတ် နှစ်လက်နှင့် အမျိုးသားသုံးဦးကို ဖမ်းမိကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ဇေယျာဦးက ပြောကြားသည်။
29-Aug-2017
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ် ပင်မှီကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်က အလယ်တန်းပြ ဆရာမတစ်ဦး မိမိကိုယ်ကို တူဖြင့်ထုရိုက်၍ သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ရာ မသင်္ကာ၍ အသေးစိတ် စစ်ဆေးရာမှ ခင်ပွန်းဖြစ်သူကသတ်၍ သေဆုံးခြင်း ဖြစ်သည်ဟု ဖော်ထုတ်ရရှိကြောင်း အောင်ပန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
29-Aug-2017
ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံအတွင်း ချိန်းဆိုပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို သြဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Aug-2017
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်လိုက်သည့်အတွက် ပြန်စစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းမှုကို ကနဦး လက်ခံကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
28-Aug-2017
ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင် ၇၇ အနီး သြဂုတ်လ ၂၇ ရက် ညနေပိုင်းက အိမ်စီးမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။
28-Aug-2017
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ယန်းလူးကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဩဂုတ်လ ၂၇ ရက် ည ၉ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။