News

POST SECTION

CRIME-AND-ACCIDENT

24-Oct-2017
လက်နက်ခဲယမ်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသော AA လက်နက်ကိုင်အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးဆိုသော အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) မင်းခန့် အပါအဝင် ကိုးဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ ဖြင့် အရေးယူပေးပါရန် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးက သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် ယနေ့ (အောက်တိုဘာလ ၂၄ ရက်) ညနေ ၄ နာရီဝန်းကျင်က တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သည်။
24-Oct-2017
ရန်ကုန်မြို့တော်၏ လက်ကားဈေးကွက်ကြီးနှင့် ပွဲရုံတန်းတည်ရှိရာ ဘုရင်နောင်ပွဲရုံတန်းရှိ ဘဏ်များ၌ ငွေလာထုတ်သူ၏ ငွေထုတ်နှင့်ကားကို ယာဉ်မောင်းက မောင်းယူထွက်ပြေးမှု အောက်တိုဘာ ၂၄ ရက်နေ့ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Oct-2017
ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ဘုရင့်နောင် ပွဲရုံတန်း ယုဇနလမ်းရှိ KBZ Bank(1) ရှေ့တွင် ယနေ့ (အောက်တိုဘာလ ၂၄ ရက်) မွန်းလွဲပိုင်း ဘဏ်များမှ ထုတ်လာသော ကုမ္ပဏီပိုင်ငွေများကို ကုမ္မဏီဝန်ထမ်းဖြစ်သူ ယာဉ်မောင်းက ခိုးယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။
24-Oct-2017
ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က အိမ်ရှင်မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ထံမှ လက်နက်နှင့် ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
21-Oct-2017
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင် အသက် ၇၀ ကျော်အရွယ်ရှိ လင်မယားနှစ်ဦးမှာ စကားများ ရန်ဖြစ်ရာမှ အောက်ပိုင်းလေဖြတ်နေသည့် ဇနီးကို ခင်ပွန်းက ဝါးတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Oct-2017
မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းရှိ ရွှေမင်္ဂလာဈေးရုံထဲတွင် ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက် ၉ နာရီဝန်းကျင်က လူငယ်အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Oct-2017
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ မင်းကျောင်းတိုက်ဆရာတော်ထံမှ အောက်တိုဘာလ ၁၉ ရက် ညဦးပိုင်းက သိန်း ၅၀ ကျော် ခိုးယူသွားခဲ့ကြသည့် ဆယ်ကျော်သက် လူငယ် လေးဦးကို ၈ နာရီခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖဒိုနယ်မြေရဲစခန်းမှူးက ပြောကြားသည်။
20-Oct-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၅၁ ရပ်ကွက်၊ ဘုရင့်နောင် (၂) လမ်းရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီးတစ်ဦးကို ၎င်း၏ချစ်သူ အမျိုးသားက မီးရှို့သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Oct-2017
နိုင်ငံတော်သို့ ရွှေတူးဖော်ကုမ္ပဏီများမှ ပေးသွင်းရန် ကြွေးကျန် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ကျန်ရှိနေပြီး ပေးသွင်းရန် ပျက်ကွက်သော ရွှေတူးဖော်ရေး ကုမ္ပဏီများကို တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
19-Oct-2017
ခရမ်းမြို့နယ် ရေကျော်ကံကောင်း ကျေးရွာတွင် နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း နှစ်ရာကျော် ဖောက်ထွင်း ခိုးယူခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
19-Oct-2017
မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျောဘက်မှ ရွှေများကို အမျိုးသားတစ်ဦးက အောက်တိုဘာ ၁၈ ရက်နေ့တွင် ခွာယူခဲ့ကြာင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။
19-Oct-2017
ရှေးဟောင်း ဗိသုကာလက်ရာများ ထည့်သွင်းတည်ဆေက်ထားသည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် ၃ နာရီခွဲက စတင်ခဲ့သော မီးလောင်မှုမှာ နံနက် ၇ နာရီကျော်တွင် မီးငြိမ်းခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
18-Oct-2017
ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးတွင် အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကထိန်အတွက် အလှူခံနေသည့် အမျိုးသားတစ်ဦး၏ရင်အုံကို အခြားအမျိုးသားတစ်ဦးက ဓားမြှောင်ဖြင့် နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Oct-2017
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်တွင် ညီဝမ်းကွဲဖြစ်သူအား လက်သီးဖြင့်ထိုးသူကို သွားရောက် ဖြေရှင်းသည့် ညီအစ်ကိုနှစ်ဦး မှိန်းဖြင့်ထိုးခံရသောကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Oct-2017
သပိတ်ကျင်းမြို့နယ် တွင်းငယ်တိုက်နယ် မှတ်တော်မူကျေးရွာ၌ နောက်ယောက်ျားယူမည်ပြောသောဇနီးကို ခင်ပွန်းဖြစ်သူက ဓားမဖြင့် ခုတ်သတ်မှု အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ဖြစ်ခဲ့ကြောင်း တွင်းငယ်ကျေးရွာ ရဲစခန်းမှ ရဲအုပ်ရဲထွန်းက ပြောကြားသည်။