News

POST SECTION

CRIME-AND-ACCIDENT

14-Jan-2018
လှိုင်သာယာမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၂၀) ယာဉ်တစ်စီးပေါ်တွင် ခါးပိုက်နှိုက်ခံရသည်ကို သိရှိသွားသည့် ခရီးသည်အမျိုးသမီးကို ဆဲဆိုခြိမ်းခြောက်ခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Jan-2018
လူမှုကွန်ရက်တွင် လူသိများသော အကောင့်ပိုင်ရှင်တစ်ဦးဖြစ်သည့် ပန်ဆယ်လိုအပေါ် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားမှုကို ပိတ်သိမ်းပေးရန် ပန်ဆယ်လိုက သူ့၏ ကိုယ်တိုင်ထွက်ဆိုချက်တွင် ထည့်သွင်းဖော်ပြသည်။
12-Jan-2018
မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ခရမ်းစုလမ်းတွင် ဇန်နဝါရီလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်က ဇနီးဖြစ်သူနှင့် ကွာရှင်းထားသော အမျိုးသားတစ်ဦးကို အိမ်ထောင်ရေးကိစ္စ နောင်ပြောင်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Jan-2018
လုပ်ငန်းတွင် အသုံးပြုရန်ဟုဆိုကာ ငှားရမ်းထားပြီး စီးနင်းခြင်းမရှိဘဲ အခြားသူတစ်ဦးကို လွှဲပြောင်းထားသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၉ ရက် ည ၉ နာရီခန့်က ဗဟန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
12-Jan-2018
အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
12-Jan-2018
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြှုပ်နှံထားသည့် လူသေအလောင်းအား ၁၀ ရက်ကျော်အကြာတွင် ပြန်လည်တူးဖော်ရာ စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ပုလောမြို့မရဲစခန်းထံမှ သိရသည်။
10-Jan-2018
တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ ဇဋိလလမ်းတွင် ဇန်နဝါရီလ ၉ ရက် နံနက် ၉ နာရီက အသောကဈေးမှ ဈေးဝယ်ပြီး နေအိမ်ပြန်လာသည့် အဘွားအိုကို နွားနို့သည် အမျိုးသမီးက တိုက်ခန်းလှေကားပေါ်မှ တွန်းချပြီး လည်ပင်းတွင် ဝတ်ဆင်ထားသည့် အလေးချိန် ငါးကျပ် သားခန့်ရှိသော ရွှေဆွဲကြိုးကို လုယူထွက် ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Jan-2018
ဆန်ကုန်သည်အချို့နှင့် အကျိုးဆောင်များထံမှ ငွေသိန်းပေါင်း ငါးသောင်းသုံးထောင်ကျော် လိမ်လည်ထွက်ပြေးနေသည်ဟုဆိုသော ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးနှင့် ၎င်း၏ ဇနီးဖြစ်သူကို ဇန်နဝါရီလ ၇ ရက် ညနေ ၅ နာရီခန့်က ဘုရင့်နောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်တိုင်ကြားလိုက်သည်။
07-Jan-2018
အသက် ၉ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသားကို ဇန်နဝါရီလ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
07-Jan-2018
သာစည်မြို့နယ် ပြည်ညောင်ကျေးရွာမှ မိဘများကိုစိတ်ဆိုးကာ အိမ်မှထွက်လာသော အသက် ၁၅ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူတစ်ဦး သားမယားပြုကျင့်ခံခဲ့ရကြောင်း ယင်းမာပင်ရဲစခန်းထံမှ သိရသည်။
07-Jan-2018
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငါးမာန်အောင် ဘုရားလမ်းဆုံတွင် ယနေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၅ နာရီဝန်းကျင်က ဟွန်ဒါဖစ် ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး ငမိုးရိပ်ချောင်းထဲ ထိုးကျခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jan-2018
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းရှိ ကုမ္ပဏီတစ်ခုတွင် ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီခန့်က နေ့ခင်းပိုင်းတွင် စကားများရန်ဖြစ်သည်ကို မကျေနပ်၍ ညနေပိုင်းတွင် ဓားနှင့်ချောင်းခုတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jan-2018
လှိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသမီးတစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ခဲနှင့်အထုခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jan-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် မိုင်းတုံ-တာဆန်းကားလမ်း မိုင်းတုံရွာအနီးတွင် ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တရားမဝင် ပိတောက်သစ်များ တင်ဆောင်လာသည့် ဒိုင်နာယာဉ်တစ်စီးမှာ ပေ ၅၀ ကျော်နက်သည့်ချောက်ထဲ ထိုးကျသဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
05-Jan-2018
မြိတ်မြို့နယ်တွင် သရက်သီးတက်ခူးသည့် အမျိုးသမီးတစ်ဦး အပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက ပြောသည်။