POST SECTION

CRIME-AND-ACCIDENT

14-Feb-2019
တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ကရင်ဓမ္မရိပ်သာကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီးကို မုဒိမ်းမှုကျူးလွန်မှုဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်က လူဝတ်လဲပြီး ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Feb-2019
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲပိုင်းက အွန်လိုင်းအသုံးပြု၍ လောင်းကစားလုပ်နေသည့် မိန်းကလေးတစ်ဦးပါဝင်သော ထိုင်းနိုင်ငံသား ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
13-Feb-2019
မိတ္ထီလာမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
12-Feb-2019
ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်ဗဟိုစာတိုက်ကြီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းက ဂျာမနီနိုင်ငံမှပေးပို့လာသော ကျပ်သိန်းတစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ပါရှိသော ပါဆယ်ထုပ်ကို လာထုတ်ယူသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်
12-Feb-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ထိုင်းနိုင်ငံသား ဆိုင်ကယ်စီးအမျိုးသားတစ်ဦးကို စစ်ဆေးရာမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
12-Feb-2019
သာပေါင်းမြို့နယ် ကျွန်းလျားကြီးအုပ်စု သစ်ဆင်ရွာအနီး၌ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက ဝါးတင်ကားတစ်စီးတိမ်းမှောက်၍ ယင်းကားပေါ်ပါလာသူ ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သာပေါင်းမြို့မရဲစခန်းထံမှ သိရှိရသည်။
11-Feb-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပြည်ကျော်အေးလမ်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက အမျိုးသားနှစ်ဦး အဆောင်ငှားသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ် အမျိုးသားမှာ ဓားဖြင့်ထိုးသတ်ခံရကြောင်း
11-Feb-2019
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ထိုင်းနိုင်ငံသားသုံးဦးထံမှ မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
11-Feb-2019
မြန်မာနိုင်ငံ၏ ရက်အကြာဆုံးဘုရားပွဲတော်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေစက်တော်ဘုရားပွဲတော်၌ ဖေဖော်ဝါရီ ၉ ရက်က ခါးပိုက်နှိုက်အမျိုးသမီးနှစ်ဦးကို နှိုက်ယူထားသည့်ပစ္စည်းများနှင့်အတူ မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် ပူးပေါင်းအဖွဲ့တို့က လက်ပူးလက်ကြပ်ဖမ်းမိခဲ့ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
10-Feb-2019
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၇၈) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းက စုမဲဖိုးငွေ သွားတောင်းယူသည့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ တူဖြင့်ထုရိုက်ခံရသောကြောင့် ဦးခေါင်းပေါက်ပြဲ၍ ခြေလက်တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
09-Feb-2019
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက် ရွှေဆောင်းတော်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီခွဲက အမျိုးသားနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်ကာ အသက် ၄၇ နှစ် အမျိုးသားမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Feb-2019
မိတ္တီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေထိုင်သည့် အမျိုးသားတစ်ဦးက စကားပြောစရာရှိသည်ဟုခေါ်ဆောင်ကာ ရဲတင်းဖြင့် ခုတ်ခံခဲ့ရကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
09-Feb-2019
ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံးနေသည့် ဆလိုဗေးနီးယားနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရှိ၍ ဆယ်ယူခဲ့ကြောင်း ချောင်းသာနယ်မြေရဲစခန်းထံမှ သိရှိရသည်။
08-Feb-2019
မန္တလေးတိုင်းဒေသကြီး မလိုင်မြို့နယ် ဆည်တိုအပ်စု ရွာမကျေးရွာတွင် ညီဖြစ်သူ မိန်းမယူသည့်ကိစ္စနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ ၇ ရက် ညပိုင်းက ညီအစ်ကိုချင်း စကားများရာမှဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
08-Feb-2019
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ဆိုင်ကယ်နှစ်စင်းတိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သာဂရနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။