News

POST TYPE

CRIME & ACCIDENT

အကြွေးပြန်မဆပ်သည့် အမျိုးသမီးကို ဗေဒင်ဆရာက အဓမ္မပြုကျင့်ရန် ကြံစည်
17-Aug-2016
နေအိမ်သို့သွားရောက်ကာ ငွေစာရင်းရှင်းစဉ် ကြွေးရှင်ဖြစ်သူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"အတိုးနဲ့ ငွေလေးသိန်း ချေးထားတာ။ အမျိုးသမီးက ပြန်မဆပ်နိုင်လို့ ကြွေးရှင်ဖြစ်သူက အိမ်လာပြီး ငွေစာရင်းရှင်းဖို့ ခေါ်ခဲ့တယ်၊ အမျိုးသမီးက ရောက်သွားချိန် အအေးနဲ့ ကိတ်မုန့်ကျွေးပြီး သူ့အိပ်ခန်းထဲမှာ အကြွေးစာရင်းတစ်ခု ရှိတယ်ပြောပြီး အခန်းထဲခေါ် အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ်။ ဖြစ်စဉ်အမှန် သိရအောင် ဆက်လက်စစ်ဆေးနေပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အမှုဖွင့် တိုင်ကြားခံရသော အကြွေးရှင်အမျိုးသားကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။   


  • VIA