News

POST TYPE

CRIME & ACCIDENT

တောင်ငူ၌ အမျိုးသားနှစ်ဦးကို လက်နက်များ၊ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ
14-Aug-2016
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် တောင်ငူ-သံတောင် ကားလမ်း လေးမိုင် စစ်ဆေးရေးဂိတ်တွင် ယနေ့ (သြဂုတ် ၁၄ ရက်) နံနက် ၁ နာရီခွဲ့ခန့်က မသင်္ကာဖွယ် ကားတစ်စီးကို ရပ်တန့်ရှာဖွေရာ အမျိုးသားနှစ်ဦးကို လေသေနတ်တစ်လက်၊ ငှက်ကြီးတောင်ဓား နှစ်လက်နှင့်အတူ စိတ်ကြွဆေးပြား ၂၀၀၀၀ ကို စံချိန်တင် ဖမ်းဆီးရရှိခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တင်ဦးက ပြောကြားသည်။

"တောင်ငူမှာတော့ ဒီဖမ်းဆီးမှုက စံချိန်တင်ပြောရမှာပေါ့။ လေသေနတ်တစ်လက်၊ ဓားနှစ်လက်၊ ဆေးပြားနှစ်သောင်း၊ ငွေကျပ် နှစ်သောင်းနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကားက တရားဝင် ဟုတ်မဟုတ်ကိုလည်း စစ်ဆေးနေပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည်ဟုဆိုသော အသက် ၄၀ အရွယ် ဦးမြင့်သူ(ခ)အကြီးကောင်၊ အသက် ၁၉ နှစ်အရွယ် ကိုထူး(ခ)ကျော်ဇင်ဦးတို့နှစ်ဦးကို တောင်ငူမြို့ အမှတ်(၃)နယ်မြေရဲစခန်းက မယ(ပ)၃/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁အရ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါ စခန်းထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - သီဟ