News

POST TYPE

CRIME & ACCIDENT

လားရှိုးမြို့အဝင် We Love Lashio LED ဆိုင်းဘုတ်စာလုံး ဖျက်ဆီးသူကို ဖမ်းမိ
30-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အဝင် We Love Lashio LED ဆိုင်းဘုတ် ဖျက်ဆီးခံရမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။ 

We Love Lashio LED ဆိုင်းဘုတ်မှ 'A' စာလုံးမှာ ဇန်နဝါရီ ၂၈ ရက်က ဖျက်ဆီးခံရကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးခင်ဇော်ဝင်းက လားရှိုးမြို့မရဲစခန်းသို့ တရားလိုပြု တိုင်ကြားခဲ့သည်။ 

အဆိုပါအမှုကို လားရှိုးမြို့မရဲစခန်းက (ပ) ၂၅/၂၀၂၁၊ ပြည်သူပိုင်ဥပဒေ ၆(၁)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးရာ CCTV မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူမှာ မန်အိုင်ကျေးရွာအုပ်စုတွင် နေထိုင်သူ အိုက်နိုင် (၂၀)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း
ကို လားရှိုးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ဘေးလမ်းကြားတွင် ဖမ်းဆီးခဲ့သည်။ 

ဖမ်းမိသူ အမျိုးသားကို စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းမှာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရှိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။                      
S-03