News

POST TYPE

CRIME & ACCIDENT

မူဆယ်တွင် ပြည်သူ့စစ်နေအိမ်များ လက်နက်ဖြင့် ပစ်ခတ်ခံရ
07-Jan-2021
ပင်းတယ၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက အမည်မသိလက်နက်ကိုင်တစ်စုက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့၏ နေအိမ်များကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ 

ယင်းလက်နက်ကိုင်အဖွဲ့မှာ မူဆယ်မြို့၊ ပန်လုံရပ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ နေအိမ်နှင့် စွမ်စော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုလမ်းဘေးရှိ တာမိုးညဲ ပြည်သူ့စစ်နှင့် ပိန်းဆာပြည်သူ့ စစ်အဖွဲ့များ နေအိမ်ခြံဝင်းတို့ကို လက်နက်ငယ်များ၊ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက လတ်တလောတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03