News

POST TYPE

CRIME & ACCIDENT

ငြိမ်းစုစီဥပဒေဖျက်သိမ်းပေးရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးခံရ
04-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၄

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက ငြိမ်းစုစီဥပဒေဖျက်သိမ်းပေးရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ရာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုအောင်ချိုဦးက "ဒီဥပဒေက မရှိသင့်ပါဘူး၊ ဒီမိုကရေစီခေတ်မှာ လူတိုင်းမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိရမယ်။ ဒါကြောင့် ဒီဥပဒေကို ဖျက်သိမ်းပေးသင့်တယ်"လို့ ပြောပါတယ်။

ငြိမ်းစုစီဥပဒေမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ချိုဦးကို ကျောက်တံတားမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုအောင်ချိုဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ဝန်ကြီးချုပ်နာမည်အသုံးချကာ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ချိန် ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ပြီးပြန်လည်လွှတ်မြောက်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ချိုဦးဟာ ၂၀ဝ၆ ခုနှစ်မှာ အရေးပေါ်အက်ဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။ 

အေးချမ်းသူ (VOM)