POST TYPE
CRIME & ACCIDENT
တံတားဦးမြို့အနီးတွင် အရက်ဆီများ တင်ဆောင်လာသည့် ၂၂ ဘီးတပ်ကား မီးလောင်
24-Nov-2020

မန္တလေး၊ နိုဝင်ဘာ ၂၄
ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့အနီး မိုင်တိုင်အမှတ် ၃၅၇/၄ ဖာလုံအနီးတွင် နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီခန့်က အရက်ဆီများတင်ဆောင်လာသည့် ၂၂ ဘီးတပ်တွဲကားတစ်စီး တိမ်းမှောက်ကာ မီးလောင်ခဲ့ကြောင်း တံတားဦးမြို့မ ရဲစခန်းထံမှသိရသည်။
“မန္တလေးတိုင်းထဲကမီးသတ်တွေနဲ့ အမြန်လမ်းမီးသတ်အဖွဲ့တွေက ဝိုင်းငြှိမ်းကြလို့ မနက်၂ နာရီလောက်မှာ မီးငြိမ်းသွားတယ်။ လူထိခိုက်ဒဏ်ရာမရပေမယ့် ကားကတော့ အကုန်လုံးနီးပါးပျက်စီးသွားတယ်။ ယာဉ်မောင်းကလည်း ထွက်ပြေးတိမ်းရှောင်သွားလို့ စုံစမ်းနေပါတယ်”ဟု စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါနေ့ နံနက်က ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မန္တလေးဘက်မှနေပြည်တော်ဘက်သို့ အမည်၊ အသက်၊ နေရပ် စုံစမ်းဆဲ အမျိုးသား တစ်ဦးမောင်းနှင်ပြီး အရက်ဆီများ တင်ဆောင်ထားသည့် ၂၂ ဘီးတပ်တွဲကားသည် မိုင်တိုင် ၃၅၇ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာအရံ (Guard Rails) တန်းများကိုတိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုစခန်းရုံးထံမှ သိရှိရသည်။
အဆိုပါ ကားမီးလောင်မှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကို တံတားဦးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၈၅ တို့ဖြင့် အမှုဖွင့်ထားသည်ဟု အဆိုပါရဲစခန်း ထံမှသိရသည်။
R-02
-
25-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021