News

POST TYPE

CRIME & ACCIDENT

ရန်ကုန်တွင် ယခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၅၀ဝ ကျော်ဖြစ်၊ လူ ၅၀ဝ နီးပါး သေဆုံး
16-Nov-2020
ယာဉ်မတော်တဆမှုများကြောင့် ဆယ်လအတွင်း လူ ၄၉၆ ဦးသေဆုံး၍ ၁၉၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ 

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်း ယာဉ်မတော်တဆမှု ပေါင်း ၁၅၈၀ မှု ဖြစ်ပွားကာ ၅၀ဝ ဦးနီးပါးမှာ သေဆုံးခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။ 

ယာဉ်မတော်တဆမှုများကြောင့် ၁၀ လအတွင်း ၄၉၆ ဦး သေဆုံး၍ ၁၉၈၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး COVID-19 ရောဂါပိုးကြောင့်  Stay at Home သတ်မှတ်သည့်ကာလများတွင်မှ ယာဉ်မတော်တဆဖြစ်ပွားမှု အရေအတွက်မှာ ပြန်လည်၍ လျော့နည်းကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီတွင် ယာဉ်မတော်တဆမှု ၂၀၃ မှုဖြစ်ပွားခဲ့ပြီး ၆၂ ဦး သေဆုံးကာ ၂၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဖေဖော်ဝါရီတွင် ယာဉ် မတော်တဆမှုပေါင်း ၂၀၄ မှု ဖြစ်ပွားကာ ၇၃ ဦး သေဆုံးခဲ့ပြီး ၂၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် မတ်တွင် ယာဉ်မတော်တဆမှု ၁၈၀ မှု ဖြစ်ပွားခဲ့ပြီး ၅၂ ဦး သေဆုံးကာ ၂၀၈ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဧပြီတွင် ယာဉ်မတော်တဆမှုပေါင်း ၁၁၉ မှု ဖြစ်ပွားကာ ၃၇ ဦး သေဆုံးခဲ့ပြီး ၁၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလတွင် ယာဉ်မတော်တဆမှု ၁၅၃ မှု ဖြစ်ပွား၍ ၅၀ ဦး သေဆုံးပြီး ၁၈၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဇွန်လတွင် ယာဉ်မတော်တဆမှုပေါင်း ၁၈၆ မှု ဖြစ်ပွားပြီး ၄၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အလားတူ ဇူလိုင်လတွင် ယာဉ်မတော်တဆမှု ၁၈၃ မှုဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ၂၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဩဂုတ်လတွင် ယာဉ်မတော်တဆမှုပေါင်း ၁၅၃ မှု ဖြစ်ပွားကာ ၄၇ ဦး သေဆုံး၍ ၂၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

စက်တင်ဘာလတွင် ယာဉ်မတော်တဆမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး ၃၅ ဦး သေဆုံးကာ ၁၀၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာလတွင် ယာဉ်မတော်တဆမှုပေါင်း ၁၀၂ မှု ဖြစ်ပွား၍ ၄၄ ဦး သေဆုံးခဲ့ပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03