News

POST TYPE

CRIME & ACCIDENT

ရွှေညောင် ဆီဆိုင်က ဆီသိုလှောင်ခန်း မီးလောင်
16-Nov-2020

ဓာတ်ပုံ-Catherine JJ

တောင်ကြီး၊ နိုဝင်ဘာ ၁၆

ရွှေညောင်မြို့၊ ရွှေညောင် ရပ်စောက်သွား ကားလမ်းဘေးရှိ “ရွှေခြင်္သေ့ဓာတ်ဆီဆိုင်”မှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ နို၀င်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ“ရွှေခြင်္သေ့ဓာတ်ဆီဆိုင်” ရှိ ၀န်ထမ်းက ဆီဘောက်ဆာကားမှ ဆီပေပါများအတွင်းသို့ ပလပ်စတစ်လည်ချောင်းပိုက်သုံးပြီး ဆီဖြည့်ရာမှ တည်ငြိမ်လျှပ်စစ်ကြောင့် မီးစတင် လောင်ကျွမ်းတာလို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅) သိန်းခန့်ဆုံးရှုံးခဲ့တယ်လို့သိရပြီး နေ့လည် ၂ နာရီခန့် ၀န်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်လွယ်သည့် ပစ္စည်းများအား ပေါ့လျော့စွာ အသုံးပြုခဲ့သည့်အတွက် မီးလောင်ကျွမ်းစေသူ ၀န်ထမ်း ဦးမင်းအောင်အား အမှုဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။


ဓာတ်ပုံ-Catherine JJ

“ဆီဘောက်ဆာကနေ ပေပါထဲကို ဆီထည့်တာက ဖြစ်တာ။ ကြားထဲမှာ ပိုက်လေးခံထားတာပေါ့၊ အဲ့ပိုက်တွေကတော့ မီးသတ်က ခွင့်ပြုထားတဲ့ ပိုက်တွေတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး စ လောင်တာပါ။ မီးငြှိမ်းတာကတော့ ကား ၁၄ စီးလောက်နဲ့ ငြိမ်းလိုက်နိုင်တယ်” လို့ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်သန်းက ပြောပါတယ်။

တောင်ကြီး၊ ရွှေညောင်၊ ရပ်စောက်၊ အေးသာယာ၊ ညောင်ရွှေနဲ့ ဟဲဟိုးက မီးသတ်ကား စုစုပေါင်း ၁၄ စီးနဲ့ ငြှိမ်းသတ်ခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့သိရပါတယ်။

နေနန်းနွယ်(VOM)