News

POST TYPE

CRIME & ACCIDENT

ကလောမြို့တွင် ဒေသလုပ်ဗျောက်အိုးသံကြောင့် ဗုံးလန့်မှုဖြစ်
11-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် နိုဝင်ဘာလ ၁၀ရက် ညပိုင်းက ဒေသလုပ်ဗျောက်အိုး ပေါက်ကွဲသံကြောင့် ပြည်သူများအထိတ်တလန့် ဖြစ်ပွားခဲ့သည်။ 
အဆိုပါ ပေါက်ကွဲသံကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဗုံးပေါက်ကွဲသည်ဟု မမှန်သတင်းများ ရေးသားဖော်ပြခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

"ဗုံးပေါက်တာ မဟုတ်ဘူး။ ဒေသလုပ် ပေသီးဗျောက်အိုး ဖောက်တာ။ လူထိခိုက်ဒဏ်ရာရမှု မရှိဘူး။ ဒါပေမဲ့ ဆေးခန်းဆိုင်းဘုတ်တော့ ပျက်စီးသွားတယ်" ဟု ရဲအရာရှိက ရှင်းပြသည်။ 

ဒေသလုပ် ပေသီးဗျောက်အိုးမှာ ပုံမှန်ဗျောက်အိုးထက် ပေါက်ကွဲမှုအား ပိုပြင်းထန်ပြီး အသံကျယ်လောင်စွာ ထွက်ပေါ်ကြောင်း ဒေသခံများထံမှ သိရကာ ယင်းဗျောက်အိုးဖောက်သူမှာ ကုန်းအမြင့်မှနေ၍ ဗျောက်အိုးအား ပစ်ခဲ့သောကြောင့် ဖြိုးရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဆောက်အအုံပေါ်သို့ ပြုတ်ကျကာ ပေါက်ကွဲသဖြင့် ဆေးခန်းဆိုင်းဘုတ်မှာ ပျက်စီးခဲ့သည်။ 

ယင်းသို့ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည့် ယင်းဗျောက်အိုးအား ပစ်ဖောက်ခဲ့သူကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 S-03