News

POST TYPE

CRIME & ACCIDENT

ဒေါပုံတွင် ရဟန်းတစ်ပါး ခြောက်လွှာမှ ပြုတ်ကျပျံလွန်
12-Aug-2019
ရန်ကုန်၊ သြဂုတ် ၁၂

ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ အလင်းရောင်လမ်းတွင် သြဂုတ် ၁၁ ရက် ညနေပိုင်းက ခြောက်လွှာတိုက်ခန်းရှိ နောက်ဖေးလှေကားပေါ်မှ ရဟန်းတစ်ပါး ပြုတ်ကျကော ပျံလွန်တော်မူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသည့် ရဟန်းမှာ သန်လျင်သဘာဝတရားရိပ်သာမှ ဦးကုသလ (ခ) ဦးစိုးမြင့် (၆၀) နှစ်ဖြစ်ပြီး ကျန်းမာရေး မကောင်းသဖြင့် ဆေးခန်းပြရန် အခင်းဖြစ်နေ့ ညနေ ၆ နာရီက အလင်းရောင်လမ်းရှိ တူမဖြစ်သူနေထိုင်သော ခြောက်လွှာတိုက်ခန်းသို့ လာရောက်ခဲ့သည်။

တူမဖြစ်သူမှာ လမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် ဈေးရောင်းနေသောကြောင့် ဦးကုသလမှာ နေအိမ်တွင် တစ်ပါးတည်း ကျန်ရစ်ခဲ့ချိန် တိုက်ခန်းနောက်ဘက်ရှိ လှေကားထိပ်မှ ကွမ်းတံတွေး ထွေးစဉ် လှေကားရှိ ရေညှိများကို တက်နင်းမိရာမှ ခြေချော်ပြီး တိုက်အောက်သို့ ပြုတ်ကျကာ မိလ္လာကန်အဖုံးပေါ်တွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် ရဟန်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ဒေါပုံမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA