News

POST TYPE

CRIME & ACCIDENT

မြေအောက်ရေကန်တွင် ငြမ်းဆင်းဖြုတ်သော အမျိုးသားသုံးဦး အောက်ဆီဂျင်ပြတ်၍ သေဆုံး
07-Aug-2019
ရန်ကုန်၊ ဩဂုတ် ၆

ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း (၄) လမ်းတွင် ဩဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲက ဆောက်လက်စတိုက်၏ မြေအောက် ရေကန်ထဲတွင် အမျိုးသားသုံးဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ သုံးဦးမှာ ဆောက်လက်စ ခြောက်ထပ်တိုက်၏ မြေအောက်ရေကန်တွင် ငြမ်းဆင်းဖြုတ်ရာမှ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့သဖြင့် ရုပ်အလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။

နှစ်ပေပတ်လည်ရှိ အပေါက်မှနေ၍ ခုနစ်ပေအနက်ရှိ ရေကန်ထဲဆင်း ငြမ်းဆင်းဖြုတ်သူ သုံးဦးမှာ အငယ်ကောင်(ခ) ဟိန်းထက်ဇော် (၂၆ နှစ်)၊ နေမင်း(ခ) ကရင် (၃၂ နှစ်) နှင့် ထွန်းထွန်း (ခ) ထွန်းထွန်းအောင် (၂၆ နှစ်) တို့ဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03