News

POST TYPE

CRIME & ACCIDENT

အမြန်လမ်း၌ အိမ်စီးကားတစ်စီး မီးလောင်
09-Nov-2016
တောင်ငူ၊ နိုဝင်ဘာ ၉

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၀နှင့် ၅ ဖာလုံအနီး၌ နိုဝင်ဘာ ၈ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က Honda CRV အမျိုးအစားအိမ်စီးကားတစ်စီး မီးလောင်ပျက်ဆီးခဲ့ကြောင်းဖြူး အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်း တာဝန်ခံအရာရှိ ဦးမြင့်သိန်းထွန်းက ပြောကြားသည်။

"နေပြည်တော်ဖက်ကလာတဲ့ ယာဉ်လို့သိရတယ်။ စတင်လောင်ကျွမ်းချိန်ကနေ နာရီဝက်အကြာလောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုက အတိအကျ မပြောနိုင်သေးသလို ယာဉ်မောင်းကလည်း ထွက်ပြေးနေပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်ဘက်မှ အမည်မသိအမျိုးသားတစ်ဦးမောင်း နှင်လာသည့် Honda CRV အမျိုးအစာယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်ယာဉ် ရပ်နားစခန်းအလွန် မိုင်တိုင် ၁၀၀နှင့် ၅ ဖာလုံအနီး၌ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဖြူးအမြန်လမ်း မီးသတ်စခန်းနှင့် မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းရှိ မီးသတ်ရေယာဉ်များနှင့် မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့ဝင်များမှ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြသည့်အတွက် ည ၁၀ နာရီ မိနစ်၂၀ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဖြူး ၁၁၅ မိုင် အမြန်လမ်း မီးသတ်တပ်ဖွဲ့ စခန်းမှ စုံစမ်းသိရှိရသည်။

ယာဉ်မီးလောင်မှုနှင့်ပတ်သက်ပြီး Honda CRV ယာဉ်မောင်း(အမည်စုံစမ်းဆဲ)ကို မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၁၃၂/၂၀၁၆ ပုဒ်မ ၂၈၅ /၂၀၂ အရ အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဟိန်းကိုက ပြောကြားသည်။

ဓာတ်ပုံ - KMT


  • VIA