POST TYPE
CRIME & ACCIDENT
စွယ်တော် မြတ်စေတီ ကန်ပတ်လမ်းအနီးတွင် ကျည်ဆံများ တွေ့
07-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၇

ယင်းညက စွယ်တော် မြတ်စေတီ ကန်ပတ်လမ်း အနီးရှိ ခြုံပုတ်အတွင်းမှ ပွိုင့် ၂၂ ကျည် ဆံ ၁၄၄ တောင့် ထည့်ထားသော ကြွပ်ကြွပ်အိတ်ထုပ်ကို ကားပါကင်တွင် လာရောက် ကူညီလုပ်ကိုင်နေသော ကလေးငယ်နှစ်ဦးက စတင်မြင်တွေ့ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကျည်ဆံများ စွန့်ပစ်ခဲ့သူကို ဖော်ထုတ်အရေးယူရန် ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိပြီး ယင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းဘေးရှိ မြိုင်ဟေဝန် ပန်းခြံတွင် အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းက ရေကန်ထဲ ငါးမျှားနေသော အမျိုးသားတစ်ဦး၏ ငါးမျှားချိတ်တွင် ချိတ်ပါလာသည့် အိတ်အတွင်းမှ သေနတ် ၂ လက်နှင့် ကျည် ၇၁ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ - Yangon Police
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021