News

POST TYPE

CRIME & ACCIDENT

ပုသိမ်မြို့ နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်
23-Apr-2019
ရန်ကုန်၊ ဧပြီ ၂၃

မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များမြင့်တက်နေရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သည် နှစ်ပေါင်း ၇၀ ကျော်အတွင်းအမြင့်ဆုံးအပူချိန်စံချိန်သစ်ကို ဧပြီလ ၂၃ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါစံချိန်သစ်မှာ ၄၁ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခင်စံချိန်ဟောင်းမှာ ၄၁ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ ယင်းဒေသတွင် မိုးလေဝသစခန်းစတင်ဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၇၃ နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ်လည်းဖြစ်သည်။

နေ့အပူချိန်များမြင့်တက်နေရာတွင် ဒေသအလိုက်ထူးခြားသည့်နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီ စင်တီဂရိတ်၊ ဘော်လခဲမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ပေါက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်နှင့် မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ကြို့ပင်ကောက်မြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီတို့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

E-03




  • VIA