News

POST TYPE

CRIME & ACCIDENT

မူလတန်း ကျောင်းသူများကို မဖွယ်မရာ လုပ်သည့် ကျောင်းဆရာကို ဖမ်းဆီးအမှုဖွင့်
02-Nov-2016
မိတ္ထီလာ၊ နိုဝင်ဘာ ၂ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ  မူလတန်းကျောင်းတွင် ကျောင်းသူ ၁၂ ဦးကို ကျောင်းဆရာ တစ်ဦးက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်သဖြင့် နိုဝင်ဘာလ ၁ ရက်နေ့က မိတ္ထီလာမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းကျောင်းကော်မတီ ဥက္ကဋ္ဌ   ဦးသိန်းနိုင်က ပြောကြားသည်။

အဆိုပါ အသက် ၅၇ နှစ် အရွယ် ကျောင်းဆရာက ယခု စာသင်နှစ် စချိန်မှစ၍ အောက်တိုဘာလ ၂၈ ရက်နေ့အထိ တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသူ ၁၂ ဦး၏ ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် အောက်ပိုင်းများကို ကိုင်တွယ်ခြင်း၊ ကျောင်းဆရာ၏ ခန္ဓာကိုယ် အောက်ပိုင်းကို ကိုင်တွယ်ခိုင်းခြင်းများကို ပြုလုပ်ခဲ့သည်ကို မဖွယ်မရာ ပြုလုပ်ခံရသော ကျောင်းသူများက ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမ နှစ်ယောက်က ကျွန်တော်ဆီ လာပြီး ကျောင်းဆရာ တစ်ယောက်က ကျောင်းသူ နှစ်ယောက်ကို မဖွယ်မရာ လုပ်တယ်ဆိုပြီး လာတိုင်တယ်၊ ကလေးတွေကို ချော့မေးမှ တစ်ခြားကျောင်းသူ ခြောက်ယောက်ကိုလဲ ဒီလိုမျိုး လုပ်တာ မြင်ဖူးတယ်လို့ ပြောတော့ အဲ့ကလေးတွေပါ ထပ်ခေါ်မေးတယ်၊ ကလေးမိဘတွေလည်း ကိုယ့်ကလေးကို ပြန်မေးတော့ နောက်ထပ် လေးယောက်ပါ ထပ်ပေါ်လာတာ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကျောင်းဆရာမှာ ယင်းကျောင်းတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်သည်မှာ နှစ် ၃ဝ ကျော်ရှိပြီး  မဖွယ်မရာ ပြုလုပ်ခံရသော ကျောင်းသူများတွင် ယခင်က ၎င်းစာသင်ကြားပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ သမီးများပင် ပါဝင်ကြောင်း ဥယျာဉ်ကျေးရွာ၏ ရာအိမ်မှူးလည်းဖြစ်သူ ဦးသိန်းနိုင်က ပြောကြားသည်။

“ကလေးမိဘတွေ အားလုံးက မခံမရပ်နိုင် ဖြစ်နေကြတယ်၊ ဒီဆရာကို ကျောင်းပြောင်းတာမျိုးကို လက်မခံနိုင်သလို ကိုယ့်သားသမီးကို သာမက တခြားသူရဲ့ သားသမီးကိုလည်း စော်ကားမော်ကား လုပ်တာ မဖြစ်စေချင်ဘူး ဥပဒေ အတိုင်းပဲ ဖြစ်စေချင်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်သော အသက်  ၅၇ နှစ်အရွယ် ဦးစိုးမြင့်(ခ)ဦးပေတိုးကို ရာဇသတ်ကြီး ပုဒ်မ  ၃၇၆/ ၅၁၁/ ၃၅၄ ဖြင့် ကနဦး အမှုဖွင့်ထားကာ ဖမ်းဆီး စစ်ဆေးနေကြောင်း မိတ္ထီလာ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အလားတူ ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် ကျိုက်လတ်မြို့ ရွှေညောင်ပင်ကျေးရွာ အလက (ခွဲ) မှ ကျောင်းဆရာ တစ်ဦးက ရှစ်တန်း ကျောင်းသူနှစ်ဦးကို အချိန်ပိုင်း ခေါ်ယူ သင်ကြားချိန်တွင် အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့မှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ကျောင်းသူနှစ်ဦးအား ဆရာဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုကို အတန်းဖော် သူငယ်ချင်းက ဖော်ထုတ်


  • VIA