POST TYPE
CRIME & ACCIDENT
မိတ္တီလာ၌ ရဟန်းတစ်ပါး ဆိုင်ကယ်တိုက်ခံရ၍ ပျံလွန်
07-Mar-2019
မိတ္ထီလာ၊ မတ် ၇
မန္တလေးတိုင်း မိတ္တီလာမြို့ နန်းတော်ကုန်းရပ်ကွက် စည်ပင်သာယာရုံးရှေ့တွင် မတ်လ ၆ ရက် ညနေ ၃ နာရီခွဲခန့်က ရဟန်းတစ်ပါး လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်ဝင်တိုက်မိ၍ သေဆုံးခဲ့ကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
ဖြစ်စဉ်မှာ မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းအတိုင်း ယင်းမြို့နယ် ဒဟတ္တန်းကျေးရွာနေ ဦးချမ်းမင်းထွန်း (၃၄ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးနေသည့် ယင်းမြို့နယ် မြင်းကန်အုပ်စု ဆည်ကုန်းဘုန်းကြီးကျောင်းမှ ဦးပဏ္ဍိစ္စ (သက်တော် ၆၁ နှစ်၊ ဝါတော် ၄၁ ဝါ) ကို ဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူတွင် ဝဲမျက်ခုံးပေါက်ပြဲသွေးထွက်၊ နှာခေါင်းပေါက်ပြဲသွေးထွက်၊ ယာနဖူးထိပ် ပေါက်ပြဲသွေးထွက် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ဦးပဏ္ဍိစ္စတွင် ဦးခေါင်းထိပ် ပေါက်ပြဲသွေးထွက်၊ ဝဲခြေထောက်ခြေကျင်းဝတ်အနီး အရိုးကျိုးဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရခဲ့သဖြင့် မိတ္တီလာပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဦးပဏ္ဍိစ္စမှာ ရရှိသောဒဏ်ရာများဖြင့် ပြည်သူ့ဆေးရုံအရောက် သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဦးချမ်းမင်းထွန်းကို မိတ္ထီလာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
R-01
- VIA
- Voice Admin
- SOURCES
- The Voice
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
01-Dec-2019