News

POST TYPE

CRIME & ACCIDENT

ကျောက်မဲမြို့၌ မူလွန်ကျောင်းအုပ် တစ်ဦးကို မူယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
30-Oct-2016
မန္တလေး၊ အောက်တိုဘာ ၃ဝ

ကျောက်မဲမြို့နယ်အတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း တစ်ခုမှ ကျောင်းအုပ်ဆရာ တစ်ဦးကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

“မူးယစ်ဆေး သုံးနေတယ် သတင်းကြားလို့ ဝင်စစ်ဆေးခဲ့တာပါ၊ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှ မူးယစ်ဆေးတွေ၊ ဆေးသုံးတဲ့ ပစ္စည်းတွေနဲ့အတူ တွေ့ရှိခဲ့ပြီး ဖမ်းခဲ့တာပါ”ဟု ယင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိ တစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ရွာမရှိ မူလတန်းလွန် စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးစောနိုင်ဦး၏ ရုံးခန်းအတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ရာ ၎င်းနှင့်အတူ မူးယစ်ဆေးဝါးများ လာရောက် ရောင်းချသည်ဟု ယူဆရသည့် လူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ကျောက်မဲမြို့နယ်ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရသည်။

ဦးစောနိုင်၏ ရုံးခန်းအတွင်းမှ ၈၈ စာတန်းပါ စိတ်ကြီဆေး ၃၅ ပြားနှင့် တိုပါဟုခေါ်သော မူးယစ်ဆေးဝါး သုံးသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းမှ တာဝန်ကျ အရာရှိက ဆက်လက်ပြော ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ဦးစောနိုင်ဦးကို ကျောက်မဲမြို့မ ရဲစခန်းက (ပ)၆၂/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။



  • VIA