POST TYPE
CRIME & ACCIDENT
တောင်ငူ၊
အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး
ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က
တပ်ကြပ်အဆင့်ရှိ တပ်မတော်သား(အငြိမ်းစား) တစ်ဦးကို တရားဝင် မှတ်ပုံတင် မပါရှိသည့်
အဖြူရောင် ဟွန်ဒါဖစ် မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှူး
ဒုရဲမှူးစံလှက ပြောကြားသည်။
၁၉၉၀ ကျော်လောက်က
တပ်မတော်ကနေ တပ်ကြပ်အဆင့်နဲ့ အငြိမ်းစား ယူခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဖြူးမြို့နယ်
ရွာသစ် ကျေးရွာဘက်မှာ နေတယ်လို့ သိထားပြီး ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကညနကို
တင်ပြ တောင်းခံထားတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဖြူးမြို့နယ်
ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၄၁ ဖြူးမြို့မဈေးအနီး အဖြူရောင် မော်တော်ယာဉ်
တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်
သွားရောက် စစ်ဆေးရာမှ ဖြူးမြို့နယ် ရွာသစ်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် တပ်မတော် တပ်ကြပ်ကြီး
(ငြိမ်း) ဦးအောင်လွင်ဆိုသူပိုင် မော်တော်ယာဉ်ဖြစ်ပြီး တရားဝင် အထောက်အထားများ တောင်းခံရာတွင်
ပြသနိုင်ခြင်း မရှိသည့်အတွက် သက်သေခံ အဖြူရောင် ဟွန်ဒါဖစ်ယာဉ်နှင့်အတူ ဖြူးမြို့မရဲစခန်းတွင်
သိမ်းဆည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ရဲစခန်းမှ သိရသည်။
တရားမဝင်
လိုင်စင်မဲ့ မော်တော်ယာဉ် လက်ဝယ် ထားရှိသည်ဟုဆိုသော ဦးအောင်လွင်ကို ဖြူးမြို့မ ရဲစခန်းက
(ပ)၇၀၂ /၂၀၁၆၊ ပို့ကုန်၊ သွင်းကုန်-၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
- SOURCES
- The Voice
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021