POST TYPE
CRIME & ACCIDENT
ပခုက္ကူ၊ အောက်တိုဘာ
၂၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက် အောင်သပြေလမ်းရှိ ပညာစံအိမ် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားနေသည့် ကျောင်းဆရာ တစ်ဦးက ဒသမတန်း ကျောင်းသား တစ်ဦး၏ ပါးစပ်ထဲသို့ ဖားပြုပ်အကောင် ထည့်ကာ ပါးရိုက်ပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း ရိုက်နှက် ဆဲဆိုခံရသည့် ကျောင်းသားက ပြောဆိုသည်။
အဆိုပါ ကိုယ်ပိုင်
အထက်တန်းကျောင်းကို နဝမတန်းကတည်းက တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် စာမေးပွဲ
ဖြေပြီး အပြန်တွင် အခန်းပေါက်ဝမှာ ဖားပြုပ်တစ်ကောင် တွေ့ရာတွင် စာကြည့်ခန်းအတွင်း ယူဆောင်ခဲ့ကြောင်း၊
ယင်းကို ဆရာမ တစ်ဦးကမြင်၍ ဆရာဦးအောင်ဇေယျာလင်းထံ တိုင်ကြားရာတွင် ၎င်းက စာကြည့်ခန်းအတွင်း
လာရောက်ကာ မင်းပါးစပ်ဟဟု ပြောဆိုကာ လက်တစ်ဖက်က ပါးစပ် ဆွဲဟပြီး ကျန်လက် တစ်ဖက်နှင့်
ဖားပြုပ်ကို ပါးစပ်ထဲ ထည့်ကာ ကျောင်းသား၊ ကျောင်းသူများ ရှေ့တွင် ပါးရိုက်ပြီး ဆဲဆိုကြောင်း
၎င်းက ရှင်းပြ ပြောဆိုသည်။
“ခုပြုလုပ်တဲ့
ဆရာက ကိုယ်ပိုင် အထက်တန်းကျောင်း ပိုင်ရှင်ရဲ့သား ဖြစ်တယ်။ ကျောင်းသား တစ်ဦးအပေါ် ဒီလို
ဆုံးမမှုကို လုံးဝ လက်မခံနိုင်ဘူး။ သူတို့ဘက်က ကျေအေးပေးဖို့ ကျပ်သိန်း နှစ်ဆယ်နဲ့ ညှိနှိုင်းတယ်
လက်မခံနိုင်ဘူး။ ကျောင်းသား အများရှေ့မှာ ဆရာရဲ့ လုပ်ရပ်ကြောင့် ကလေးက အရှက်ရခဲ့တယ်”ဟု
အဆိုပါ ကျောင်းသားဖခင် ဦးကျော်မြင့်က ပြောဆိုသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ကျောင်းသား၏ အုပ်ထိန်းသူ ဖခင်နှင့် အစ်ကိုဖြစ်သူကို ကျောင်းတာဝန်ရှိသူများ
က ညှိနှိုင်း ဖြေရှင်းပြီးဖြစ်ကြောင်း၊ ယင်း ဒီကိစ္စကို အထက်သို့တင်ပြပြီး နောက်နောင်
ယခုကဲ့သို့ မဖြစ်စေရန်နှင့် ဖြစ်ခဲ့ပါက ကိုယ်ပိုင်ကျောင်းဖွင့်ခွင့် ရုပ်သိမ်းခြင်းနှင့်
သင်ကြားခွင့်ဆရာဖြစ် လက်မှတ် ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းထားကြောင်း
ပခုက္ကူမြို့နယ် ပညာရေးမှူးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍ အဆိုပါ ကိုယ်ပိုင် အထက်တန်းကျောင်းထံသို့ မေးမြန်းရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍
ပြောစရာ မရှိကြောင်း၊ ပညာရေးမှူးရုံးသို့သာ သွားရောက် မေးမြန်းရန် ကျောင်းပိုင်ရှင်
အမျိုးသမီးက ပြောသည်။
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021