News

POST TYPE

CRIME & ACCIDENT

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုကွန်ရက်တွင် ပုတ်ခတ် ပြောဆိုသည်ဟုဆိုသူအား အမှုဖွင့်
29-Oct-2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လူမှုကွန်ရက်တွင် ပုတ်ခတ် ပြောဆိုသည်ဟုဆိုသူအား ဆက်သွယ်ရေး ဥပဒေဖြင့် ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း၌ အောက်တိုဘာ ၂၈ ရက် ည ၆ နာရီက လာရောက် အမှုဖွင့် လှစ်တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ အမှုစစ် ရဲအရာရှိ ဒုရဲအုပ် သန်းထွန်းက ပြောသည်။ 

“အွန်လိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဆဲဆို ပုတ်ခတ်နေတယ်ဆိုပြီး ပဲခူးမြို့ခံ တစ်ဦးက သက်သေခံ ဓာတ်ပုံနဲ့တကွ လာရောက် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ သက်သေခံ ဖေ့စ်ဘွတ်ခ် စာမျက်နှာနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာန Cyber Crime Police ရုံးကို တင်ပြဖို့ ပြင်ဆင်နေဆဲဖြစ်သလို တိုင်ကြားခံရတဲ့ ဒေါ်စန္ဒီမြင့်အောင်ကို ဥဿာမြို့သစ် နေအိမ်မှာ သွားရောက် ရှာဖွေတဲ့အခါမှာ အိမ်တံခါး ပိတ်ပြီး ခရီးထွက်နေတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လူမှုကွန်ရက် စာမျက်နှာတွင် ပုတ်ခတ် ပြောဆိုခဲ့သည်ဟုဆိုကာ တိုင်ကြားခံရသူ ဒေါ်စန္ဒီမြင့်အောင်ကို ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ)၈၆၂/ ၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အရ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။



  • VIA