News

POST TYPE

CRIME & ACCIDENT

တာမွေမှ ခိုးဝင် ဘင်္ဂါလီများကို ခိုးဝှက် ပို့ဆောင်သည့်အဖွဲ့မှ ပွဲစား နှစ်ဦးကို ဖမ်းမိ
28-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၈ 

တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းရှိ နေအိမ်တိုက်ခန်း တစ်ခုသို့ ဘင်္ဂါလီ ငါးဦးကို ခိုးဝှက် ပို့ဆောင်ခဲ့သည့် ပွဲစားအဖွဲ့မှ နှစ်ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကျေးရွာနှစ်ရွာတွင် ဖမ်းမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။ 

ဖမ်းမိသူ နှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ် ကျေးရွာတွင် နေထိုင်သူ အသက် ၂၂ နှစ် အရွယ် ဆာလီအာမက်နှင့် အပေါက်ဝ အလယ်ရွာ ကျေးရွာတွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် မာစီးတီး(ခ) မော်လှသိန်းတို့ ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂလီ ငါးဦးကို ရန်ကုန်သို့ ပို့ဆောင်ခဲ့သည့် ပွဲစားများဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ရန်ကုန်က သတင်းပေးချက်အရ ဘင်္ဂါလီတွေ ခိုးထွက်လို့ရအောင် ပူးပေါင်း ပါဝင်ခဲ့သူတွေကို သွားဖမ်းခဲ့တယ်၊ သူတို့ နှစ်ယောက်ကို မိခဲ့ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က လာခေါ်သွားပါပြီ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
 
အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်သို့ ခိုးလာသည့် ဘင်္ဂါလီ အမျိုးသား ၁၇ ဦးကို မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် ထပ်မံ ဖမ်းမိခဲ့သော်လည်း ၎င်းတို့ကို ပို့ဆောင် ပေးခဲ့သူများကိုမူ မဖမ်းမိသေးကြောင်း အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


  • VIA