News

POST TYPE

CRIME & ACCIDENT

ပုသိမ်တွင် မျိုးစေ့ပြပွဲကျင်းပ
24-Jan-2019

ပုသိမ်၊ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် ဒေသတွင်းမှ တောင်သူများအတွက် ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ မျိုးစေ့ပြပွဲနေကြောင်း ယင်းပြပွဲကျင်းပရေးအဖွဲ့ထံမှ သိရသည်။

ယင်းပြပွဲတွင် မနောသုခ၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်း၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းဘေးကြား၊ စပါးမျိုးစေ့များအပြင် ပဲနှင့် သခွားမျိုးစေ့များစသည့် သီးနှံမျိုးစေ့များ၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးပစ္စည်းများကို ပြသထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း တောင်သူများ၏ သီးနှံစိုက်ပျိုးလိုမူ၏ ၂၅ ရာခိုင်နှုန်းကိုသာ မျိုးကောင်း၊ မျိုးသန့် ထုတ်လုပ်နိင်သည့်အတွက် တိုင်းအတွင်း၌ မျိုးစေ့ထုတ်လုပ်သည့် ခြံများ၊ သုတေသန ဓာတ်ခွဲခန်းများကို တည်ထောင်မည်ဖြစ်ကြောင်း ယင်းတိုင်း စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောကြားသည်။

မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဥရောပအခြေစိုက် WHH INGO တို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး Lift Fund NGO အဖွဲ့အစည်းက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

R-12