News

POST TYPE

CRIME & ACCIDENT

မိုင်းယောင်း၌ အမျိုးသားကြီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံရ
25-Oct-2016

မိုင်းယောင်း၊ အောက်တိုဘာ ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် နမ့်ကစ်ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် အမျိုးသားကြီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မိုင်းယောင်း မြို့မရဲစခန်းထံမှ စုံစမ်း သိရသည်။ 

အဆိုပါ ကျေးရွာနေ ဦးအိုက်အွန်သည် နေအိမ်၌ ပဲစင်တိုင်ထောင်ရန်အတွက် ဝါးခုတ်ယူရန် ယင်းကျေးရွာနေ စိုင်းလာ(ခ)အိုက်ဆော့ကို ခိုင်းစေခဲ့ကြောင်း၊ ယင်းခိုင်းစေမှုနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ အသင့် ယူဆောင်လာသည့် တူမီးသေနတ်ဖြင့် ဦးအိုက်အွန်ကို စိုင်းလာ(ခ)အိုက်ဆော့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြာင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။ 

“ရပ်ရွာဓလေ့အတိုင်း အိမ်မှာ အလုပ်ခေါ်ခိုင်းရင်းကနေ သောက်စားရင်းနဲ့ စကားများကြမှာပေါ့။ အပစ်ခံရတဲ့ အဖိုးကြီးက နားထင် ဟိုဘက်၊ ဒီဘက် သေနတ်ဒဏ်ရာ ရပြီး သေဆုံးသွားတယ်။ တရားခံက ရွာအပြင် တောထဲ ထွက်ပြေးသွားပေမယ့် ညနေ ၅ နာရီမှာ အသာတကြည် အဖမ်းခံခဲ့တယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၂နှစ်အရွယ် စိုင်းလာ(ခ)အိုက်ဆော့ကို (ပ)၂၆/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းယောင်း မြို့မရဲစခန်းထံမှ သိရသည်။



  • VIA