News

POST TYPE

CRIME & ACCIDENT

စစ်ချောင်းမြို့နယ် တိုက်ခန်း တစ်ခုတွင် ပုတ်ပွနေသည့် အမျိုးသား အလောင်းတွေ့
25-Oct-2016
ရန်ကုန် အောက်တိုဘာ ၂၅ 

စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ် တိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီက ပုပ်ပွ သေဆုံးနေသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ သေဆုံးသူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သော ကိုနိုင်ငံငြိမ်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲရာမှ ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ စမ်းချောင်းမြို့နယ် ရဲမှူး ဝင်းမြင့်ဦးက ပြောကြားသည်။

“သေဆုံးသူက မြေညီထပ်မှာ တစ်ယောက်ထဲ နေတယ်။ အပေါ်ထပ် တစ်လွှာမှာ သူ့မိဘတွေက နေကြတယ်။ စနေနေ့ ညနေအထိ သေဆုံးသူက အပေါ်ထပ်က မိဘတွေထံ လာပြီး ထမင်း စားခဲ့တယ်။ နောက်နေ့တွေမှာ လာမစားလို့ သူနေတဲ့ တိုက်ခန်းတံခါးသော့ ဖျက်ပြီး ဝင်ကြည့်ရာက အပုပ်နံ့ ထွက်နေတဲ့ သူ့အလောင်းကို တွေ့ခဲ့တာ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြင်ပ ဒဏ်ရာ မရှိဘဲ သေဆုံးနေသူ၏ ဘေးတွင် ဘိန်းဖြူဟု ယူဆရသော အမှုန့်များနှင့် အသုံးပြုထားသည့် ဆေးထိုးအပ် တစ်ချောင်းကို တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း စမ်းချောင်း မြို့မရဲစခန်းထံမှ သိရသည်။



  • VIA