POST TYPE
CRIME & ACCIDENT
အင်းဝအပ်ချုပ်ဆိုင် မိသားစုကို ကလေးသူငယ် ပုဒ်မဖြင့် ရုံးထုတ်
14-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၁၄
အိမ်အကူ မိန်းကလေးနှစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် မိသားကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
အဆိုပါ ရုံးထုတ်ခဲ့သူများမှာ ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ မစုမွန်လတ်နှင့် ရာဇာထွန်းတို့ ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး အသက်မွေး အတတ်ပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်အေးနော်ဝင်းက တရားလိုပြု တိုင်ကြားထားသည့် အမှုဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ သိရှိရသည်။
“ဒီတစ်ပတ်မှာ ဦးတင်မင်းလတ်ရှေ့နေ ပါဝါတင်တယ်။ ကျန်သုံးယောက်လည်း ရှေ့နေငှားမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၂၁ နေ့လယ် တစ်နာရီမှာ တရားလိုကို စတင်စစ်ဆေးမယ်။ မနက်ကို နာကျင်စေမှု ပုဒ်မကို စစ်ဆေးပြီးတာနဲ့ နေ့လယ်ပိုင်းမှာ ဆက်လက်စစ်ဆေးသွားမှာပါ” ဟု ကျောက်တံတားမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021