News

POST TYPE

CRIME & ACCIDENT

မုံရွာတွင် တက္ကသိုလ် ကျောင်းသား သုံးဦး ဓားထိုးခံရ
23-Sep-2018

မုံရွာ၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်းတွင် စက်တင်ဘာလ၂၁ ရက်နေ့ ည ၉ နာရီခန့်က အမျိုးသမီးအဆောင်တစ်ခုရှေ့တွင် ဂစ်တာတီးနေသည့် မုံရွာတက္ကသိုလ်ကျောင်းသားများနှင့် ချမ်းမြဝတီရပ်နေ အမျိုးသားတစ်ဦးတို့ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပြီး ကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေရဲစခန်းထံမှ သိရသည်။ 

ဓားဖြင့် ရန်ပြုသူမှာ ထွန်းအေး (ခ) အဲနော် အသက် ၂၆ နှစ်ဖြစ်ပြီး ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်ကြောင်း၊ ဥပဒေကြောင်းအရ ညတွင်းချင်း ဖမ်းဆီးကာ နယ်မြေရဲစခန်းအတွင်း စစ်ဆေးနေကြောင်း ချမ်းမြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချင်းက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရာဇသတ်ကြီး ၃၂၆ ပြစ်မှုပုဒ်မ ၃၃၇/၂၀၁၈ ဖြင့် နယ်မြေစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-08