News

POST TYPE

CRIME & ACCIDENT

ဗိုလ်တထောင်မြို့နယ်ရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ အမျိုးသား တစ်ဦး အသတ်ခံရ
08-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၈

ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

သေဆုံးသူ အသက် ၃၂ နှစ်အရွယ် ကိုအောင်သူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူက ၎င်း၏ လက်ကိုင်ဖုန်းထံ ဆက်သွယ်၍ မရသောကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး တိုက်ခန်းအတွင်း ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ဖျံနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

 

“သေဆုံးသူက သင်္ဘောသားပါ။ အောက်တိုဘာ ၇ ရက် ညက သာကေတမှာရှိတဲ့ သူ့မိဘတွေ နေအိမ်ကနေ သူ့အဖေရဲ့ကား ယူပြီး သူနေတဲ့ တိုက်ခန်း ပြန်လာတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ဖုန်း ခေါ်မရတော့လို့ ဖအေဖြစ်သူက မသင်္ကာတာကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး တိုက်ခန်းထဲ ဝင်စစ်ဆေးခဲ့ရာက ဒဏ်ရာတွေနဲ့ သူ့အလောင်းကို တွေ့ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

 

လူသတ်မှု ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခန်းတွင် သံပန်းတံခါးမှာ ပတ္တာပြုတ်နေပြီး သစ်သားတံခါးမှာ အပြင်မှ ဂျက်ထိုးထားသည်။




  • VIA