News

POST TYPE

CRIME & ACCIDENT

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၁၅ ပေ ခုံးတံတားအောက်တွင် လူသတ်မှုဖြစ်
05-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၁၅ ပေ ခုံးတံတားအောက်၌ ယနေ့(အောက်တိုဘာ ၅ ရက်) နံနက် ၃ နာရီက အမျိုးသားတစ်ဦး သစ်သားတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၄ နှစ်အရွယ် ဦးအေးနောင်ဖြစ်ပြီး ပဲခူးမြို့တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် ညီညီနိုင်(ခ)ကုလားလေးနှင့် စကားများရန်ဖြစ်ရာမှ ညီညီနိုင်(ခ) ကုလားလေးက ၎င်း၏ ဦးခေါင်းနှင့် မျက်နှာကို သစ်သားတုတ်ဖြင့် ရိုက်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းဦးက ပြောကြားသည်။

"လူသတ်မှု ကျူးလွန်သူကို ဖမ်းမိထားတယ်။ သေဆုံးသူနဲ့ သူက အလုပ်အတူလုပ်ကိုင်သူတွေလို့ သိရပြီး ဖြစ်စဉ်အသေးစိတ်က စစ်ဆေးနေတုန်းပါ"ဟု ၎င်းက ဆိုသည်။

ဖမ်းမိထားသော ညီညီနိုင်(ခ) ကုလားလေးကို မင်္ဂလာတောင်ညွန့် မြို့ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


  • VIA