News

POST TYPE

CRIME & ACCIDENT

ပြည်သူ့လွှတ်တော်ရုံး၌ အမျိုးသမီးချင်း ဓားထိုးမှုဖြစ်
05-Oct-2016

နေပြည်တော် ၊ အောက်တိုဘာ ၅ 

နေပြည်တော် ပြည်သူ့လွှတ်တော်ရုံး၌ အမျိုးသမီး ဝန်ထမ်း အချင်းချင်း ဓားထိုးမှု ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် သတင်း မီဒီယာများထံမှ သိရသည်။ 

ပြည်သူ့လွှတ်တော်ရုံး လက်ထောက် ညွန့်ကြားရေးမှူး တစ်ဦးက အရစ်ကျ စနစ်ဖြင့် ရောင်းချထားသော လက်ကိုင်ဖုန်းအတွက် ကျသင့်ငွေကို ရုံးအကူ အမျိုးသမီး တစ်ဦးထံမှ တောင်းခံရာမှတစ်ဆင့် အချင်းများခဲ့ပြီး ရုံးအကူ အမျိုးသမီးက လက်ထောက် ညွန့်ကြားရေးမှူးကို မီးဖိုချောင်သုံးဓားနှင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲစခန်းသို့ တိုင်ကြားချက်များအရ သိရသည်။



  • VIA