News

POST TYPE

CRIME & ACCIDENT

တပ်ခွဲ တပ်ကြပ်ကြီးကို တပ်သားက ဓါးဖြင့်ခုတ်သတ်
01-Oct-2016

ပုသိမ်၊ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူမြို့ရှိ အမှတ်(၆၃) ခြေလျင်တပ်ရင်းတွင် အိမ်သာရေ ဖြည့်ခိုင်းသည့်ကိစ္စအား မကျေနပ်သဖြင့် တပ်ခွဲ တပ်ကြပ်ကြီး တစ်ဦးကို တပ်သားက ထင်းခွဲ ဓါးမဖြင့် အချက်ပေါင်း များစွာ ခုတ်သတ်ခဲ့ကြောင်း ပြင်စလူ နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အိမ်သာရေ ဖြည့်ခိုင်းသည့် ကိစ္စကို မကျေနပ်သဖြင့် တပ်ခွဲ တပ်ကြပ်ကြီး ဝင်းသန်း အိပ်ပျော်နေစဉ် တပ်သားက ယင်းသို့ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က အိမ်သာရေ ဖြည့်ခိုင်းသည့်ကိစ္စဖြင့် စကားများကာ တပ်ခွဲ တပ်ကြပ်ကြီးက တပ်သားကို လက်သီးဖြင့် ထိုးခဲ့သည့်အပြင် ထင်းလည်း ထပ်ခွဲခိုင်းကြောင်း အဆိုပါ ရဲအရာရှိက ပြောဆိုသည်။

“ဒါကို မကျေနပ်လို့ ခွဲတပ်ကြပ်ကြီး ကုလားထိုင်မှာ အိပ်ပျော်နေတုန်း တပ်သားက ထင်းခုတ် ဓါးမနဲ့ ခုတ်ခဲ့တာ”ဟု တပ်သား၏ ထွက်ဆိုချက်ကို ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ကြီး မောင်မောင်က တရားလိုပြု တိုင်တန်းထားပြီး တပ်သားကို လူသတ်မှု ပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့်က အရေး ယူနေကြောင်း၊ ယင်းတပ်သားကို ပြင်စလူမြို့ရှိ ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


  • VIA