News

POST TYPE

CRIME & ACCIDENT

မိုင်းယော် ရွာသား ၅ဦး သေဆုံးခြင်းကြောင့် တပ်မတော် အရာရှိ၊စစ်သည် ၇ဦးကို ထောင်ဒဏ်ချမှတ်
15-Sep-2016
ရန်ကုန်၊ စကင်တင်ဘာ ၁၅

ရှမ်း(မြောက်) လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီးတွင် ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ရက်က တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် မိုင်းယော်ရွာသား ၅ဦး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး ပြစ်မှုကျူးလွန်မှုတွင် ပါဝင်ခဲ့သော အရာရှိ ၄ဦးနှင့် အခြားအဆင့် ၃ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ မိုင်းယော်ကျေးရွာသား ၅ဦးမှာ တိုက်ပွဲအတွင်း အပြစ်မဲ့သေဆုံးခဲ့ခြင်းကို တပ်မတော်ဘက်မှ ယခုနှစ် ဩဂုတ်လ ၈ရက်တွင် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်စေရန် စစ်တရားရုံး စတင်ဖွဲ့စည်းခဲ့ပြီး တပ်မတော် အရာရှိ၊စစ်သည် ၇ဦး၊ ရဲတပ်ဖွဲ့မှ ရဲအုပ် အရာရှိ ၁ဦးနှင့်    မိုင်းယော်ကျေးရွာသား ၁၈ဦးတို့မှ အသီးသီး ထွက်ဆိုခဲ့သော စစ်ဆေးချက်များကို သုံးသပ်ကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်မတော် အရာရှိ ၄ဦးနှင့် အခြားအဆင့် ၃ဦးကို စစ်တရားရုံး ဆုံးဖြတ်ချက်အရ တပ်မတော်မှ အမြဲတမ်း ထုတ်ပယ်ခဲ့ပြီး တပ်မတော် အက်ဥပဒေပုဒ်မ (၇၁) အပါအဝင် အရပ်ဘက် ဥပဒေဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)/၃၄တို့ဖြင့် စီရင်ချမှတ်ခဲ့ကြောင်း သိရသည်။


  • VIA