News

POST TYPE

CRIME & ACCIDENT

၁၁ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် စရဖမှ တပ်ကြပ်ကြီးတစ်ဦးကို အရေးယူ
15-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၁ နှစ်အရွယ် မိန်းကလေးငယ်ကိုအဓမ္မပြုကျင့်မှုဖြင့် မင်္ဂလာဒုံမြို့နယ်၊ စရဖလေ(၁) ရုံးဌာနမှ အသက် ၄၀ အရွယ် ရုံးအုပ်ဖြစ်သော တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသော တပ်ကြပ်ကြီးမှာ လွန်ခဲ့သည့် ငါးလက ၎င်း၏ ယောက္ခမဖြစ်သောဒုအရာခံဗိုလ်၏ နေအိမ်မှ အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်ကို ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“အိမ်အကူ ကလေးမက မိတ္ထီလာမြို့မှာရှိတဲ့ သူ့အဖေအိမ် ပြန်သွားပြီး ဗိုက်အောင့်တဲ့ ဝေဒနာခံစားနေရလို့ ဖခင်ဖြစ်သူက မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရမှန်း သိခဲ့တာပါ၊ အမှုဖွင့် တိုင်ကြားခံရသူကို စရဖ လေ(၁)ထဲမှာ ချုပ်နှောင် စစ်ဆေးနေတယ် ”ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ၉လက မင်္ဂလာဒုံမြို့နယ်၊ စရဖ လေတပ်ဝန်းရှိ ဒုအရာခံဗိုလ်တစ်ဦး၏ နေအိမ်တွင် အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်နေစဉ် ၎င်းကို အဓမ္မပြုကျင့် ခံခဲ့ရခြင်းဖြစ်သည်။

ပြစ်မှုကျုးလွန်သော တပ်ကြပ်ကြီးကို စက်တင်ဘာလ ၁၃ ရက်နေ့က မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 






  • VIA