News

POST TYPE

CRIME & ACCIDENT

ဓားကိုင်သောင်းကျန်းနေသူထံမှ ဘိန်းမဲများ ဖမ်းမိ
13-Sep-2016
မိုင်းပျဉ်း၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် တုံတာမြို့ အမှတ်(၃)ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ရက်)နံနက် ၈ နာရီခွဲခန့်က မူးယစ်ဆေးကြောင်ကာ ရပ်ကွက်အတွင်း ဓားကိုင်သောင်းကျန်းနေသောအမျိုးသားထံမှ ဘိန်းမဲများဖမ်းဆီးရမိကြောင်း တုံတာနယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းအမျိုးသားထံမှ ဓားရှည်တစ်ချောင်းနှင့် ၎င်းဝတ်ဆင်ထားသည့်ဘောင်းဘီ ဝဲဘက်အိတ်ကပ်အတွင်းမှ ဘိန်းမဲစေး သုံးမူးသား(၂၄ ဒသမ ၉၅၅ဂရမ်)ဖမ်းဆီးရမိကြောင်း တုံတာနယ်မြေစခန်းမှူးရဲအုပ်ဝင်းညွန့်က ပြောကြားသည်။

"မူးယစ်ဆေးသုံးစွဲပြီး ဓားကိုင်သောင်းကျန်းသူထံကနေ မူးယစ်ဆေးဝါးတွေ့ရှိလို့ လက်ရှိတော့မူးယစ်အမှုနဲ့ပဲ အမှုဖွင့်အရေးယူထားတယ်။ဥပဒေအကြံပြုချက်တောင်းပြီးရင်တော့ ဓားကိုင်သောင်းကျန်းလို့ လက်နက်ဥပဒေအရထပ်ပြီး အမှုဖွင့်အရေးယူပါမယ်"ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်၃၅နှစ်အရွယ်လော်ဒိုကို မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တုံတာနယ်မြေရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - WN


  • VIA