News

POST TYPE

CRIME & ACCIDENT

တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူကို ဖမ်းဆီးစစ်ဆေး
11-Sep-2016
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ဇိုက်ချောင်းကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့် အကွာရှိ တောင်ယာခင်း၌ စက်တင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူကို စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်းမြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးရွာ တောင်ယာတဲအနီး၌ စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲခန့်က တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ခြင်း ကိစ္စတွင် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဖြစ်နေသည့်အတွက် အသေးစိတ် စိစစ်စစ်ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
“ချစ်ထူးဆိုတဲ့ ကလေးကလည်း ဝန်ခံထားပါတယ်။ အခုလောလောဆယ် သက်သေတွေကို စခန်းမှူးကိုယ်တိုင် စစ်ဆေးနေတဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်လို့ မရသေးပါဘူး” ဟု ရဲအုပ်မျိုးမင်းလွင်က ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဆက်စပ်သတင်း -

သပိတ်ကျင်း၌ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး