News

POST TYPE

CRIME & ACCIDENT

KTV တွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ဓားကိုင်ရမ်းကား
14-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၁၄

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ် ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ သီရိ KTV ဆိုင်တွင် စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်က အရိုးအသွား ၉ လက်မခန့်ရှိ သံရိုးတပ်ဓားဦးချွန်မောင်းချထားကိုင်ဆောင်ပြီး ရမ်းကားသူ အသက် ၂၀ အရွယ် အမျိုးသားကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

KTV ဆိုင်တွင် ဓားကိုင်ရမ်းကားသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ခ) ရပ်ကွက်၊ မြရတနာ (၉) လမ်းတွင်နေထိုင်သူ ဇာနည်ညီညီဖြစ်ပြီး ၎င်း၏သူငယ်ချင်းများဖြစ်သော အသက် ၃၄ နှစ်အရွယ် ငြိမ်းချမ်းဇော်၊ အသက် ၂၉ နှစ်အရွယ် ရဲထူးကျော်နှင့် အသက် ၂၃ နှစ်အရွယ် ဇာနည်မျိုးတို့နှင့်အတူ KTV သို့သီချင်း လာဆိုပြီး ကျသင့်ငွေရှင်းရာ ဆိုင်မန်နေဂျာနှင့် ဧည့်ကြိုဝန်ထမ်းများမှ ရန်ရှာသည်ဟုဆိုကာ ဓားကိုင်ရမ်းကားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဓားကိုင်ရမ်းကားတယ် ဆိုပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး၊ ဓားကိုင် သောင်းကျန်းတဲ့သူက ကျပန်းလုပ်တယ်၊ သူငယ်ချင်းတွေက ဆိုင်ကယ်ကယ်ရီ မောင်းတဲ့သူတွေ၊ ဓားမကိုင်တဲ့သူတွေကို တော့ ရန်ကုန် ရဲအက် ၄၁ (၁၄) နဲ့ ထပ်ဖွင့်တယ်၊ ပြီးရင် ခြေချုပ်ခံဝန် ဥပဒေနဲ့ပါ အရေးယူသွားဖို့ လုပ်ဆောင်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

J-16

  • VIA