News

POST TYPE

CRIME & ACCIDENT

တရားမဝင်ကုန်စည်ဖမ်းဆီးမှု ကျပ်သန်း ၁၆၀ဝ၀ ခန့်ရရှိ
14-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၄

တရားမဝင် ကုန်စည်ဖမ်းဆီးမှုအနေနှင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ခြောက်လတာ ကာလအတွင်း ကျပ်သန်းပေါင်း ၁၆၀ဝ၀ ခန့်ရရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။ 

တရားမဝင် ကုန်စည် စစ်ဆေးဖမ်းဆီးမှု ၂၀၈၄ ခုမှ ကျပ်သန်း ၁၅၉၃၀ ဒသမ ၉၀၂ သန်းခန့် ရရှိခြင်းဖြစ်ပြီး တင်သွင်း၊ တင်ပို့ခွင့် အထောက်အထား စာရွက်စာတမ်း မပြနိုင်သည့် ကုန်ပစ္စည်းများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကာ လူသုံးကုန်များ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များကို အများဆုံး ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

ကုန်စည်များ တားဆီးစစ်ဆေးရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်းတပ်ဖွဲ့၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ လွယ်ဂျယ်စစ်ဆေးရေးစခန်း၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းနှင့် မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးများမှ တားဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

J-11


  • VIA