News

POST TYPE

CRIME & ACCIDENT

တောင်တွင်းကြီး အကြမ်းဖက်ဖျက်ဆီးမှု ပါဝင်သူများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်
14-Sep-2017

တောင်တွင်းကြီး၊ စက်တင်ဘာ ၁၄

တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက်နေ့ ညက လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ခဲ့သူများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းထံမှ သိရသည်။

အကြမ်းဖက်လူတစ်စုသည် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၂ ရပ်ကွက်၊ တောင်တွင်းကြီး-မကွေးလမ်းပေါ်ရှိ ဗလီကို မဖျက်ရသဖြင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်တံခါးများ၊ ဈေးဆိုင်များကို ခဲများ၊ တုတ်များ၊ လောက်လေးများဖြင့် ပစ်ပေါက်ရိုက်ချိုးဖျက်ဆီးခဲ့ကြကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို၊ စိုးသူ၊ သိန်းဇံဌေး၊ နိုင်အောင်ထက်၊ စည်သူအောင်၊ ဇော်လွင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၀ / ၁၄၄ / ၁၄၇ / ၁၅၂ / ၁၅၃ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ပါဝင်သူများကို စုံစမ်းလျက်ရှိကြောင်း တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-02


  • VIA