News

POST TYPE

CRIME & ACCIDENT

နမ့်ခမ်းတွင် မြေပြို၍ သားအမိနှစ်ဦး သေဆုံး
06-Aug-2017

နမ့်ခမ်း၊ သြဂုတ် ၆

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၆ ရက်) နံနက် ၄ နာရီခန့်က မြေပြိုကျရာမှ အိပ်ပျော်နေသည့် သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း နမ့်ခမ်းရဲစခန်းထံမှ သိရှိရသည်။

“မိုးက စနေနေ့ တစ်နေ့လုံး သည်းလိုက်၊ ရွာလိုက် မရပ်ဘူး။ စနေနေ့ ညကတော့ မိုးတော်တော်သည်းတယ်။ မိုးသည်းတော့ မြေပြိုတာကြောင့်ကောင်းဝိုင်းရွာက ဒေါ်ထွန်းလှရဲ့ အိမ်ပေါ် ပြိုကျတယ်။ အိမ်ထဲမှာ အိပ်နေတဲ့ သားအမိနှစ်ယောက် မြေပိပြီး ဆုံးသွားပါတယ်”ဟု နမ့်ခမ်းမြို့မရဲစခန်း စခန်းမှူးမင်းတင်က ပြောကြားသည်။

မြေပြိုမှုကြောင့် အိပ်နေသည့် ဒေါ်ထွန်းလှ (၄၇ နှစ်)နှင့် သမီးဖြစ်သူ မစန္ဒာအောင်(၈ နှစ်)တို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ သေမှုသေခင်းအဖြစ် နမ့်ခမ်းမြို့မရဲစခန်းက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

R-07


  • VIA