News

POST TYPE

CRIME & ACCIDENT

၅၀ ကျပ်တန်မဲ လောင်းကစားလုပ်သူများကို ဖမ်းဆီး
04-Aug-2017

သပိတ်ကျင်း၊ သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်တွင် မဲတစ်လိပ် ၅၀ ကျပ်ဖြင့် ရောင်းချကာ လောင်းကစား ပြုလုပ်နေသူများကို သက်သေခံ ပစ္စည်းများနှင့်အတူ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရသည်။ 

ရပ်ကွက်အတွင်း လမ်းဆုံနှင့် နေအိမ်များတွင် မဲလိပ်များ ရောင်းချ၍ ကံစမ်းကစားခြင်းဖြင့် ပစ္စည်းများကို မဲဖောက်ပြီး တရားမဝင် လောင်းကစားနေကြောင်း သတင်းရရှိသည့်အတွက် သက်သေများနှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တကောင်းရဲကင်းစခန်းမှူး ရဲအုပ်ပြည့်ဖြိုးသူက ပြောကြားသည်။

“လောင်းကစား လုပ်နေသူတွေကတော့ ထွက်ပြေးသွားကြပြီး မဲလိပ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့ကို လောင်းကစား ဥပဒေပုဒ်မ ၁၂(က) ဖြင့် လည်းကောင်း၊  လောင်းကစား ဥပဒေပုဒ်မ ၁၃ (က)/၁၄ (က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်၍ ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရသည်။ 

R-15