News

POST SECTION

CRIME-AND-ACCIDENT

18-Mar-2019
ဒဂုံအရှေ့မြို့နယ်၊ (၁၀) ရပ်ကွက်၊ ချမ်းသာရွှေပြည်အိမ်ရာတွင် မတ်လ ၁၇ ရက် ညနေပိုင်းက အသက် ၁၈ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးမှာ ပိုးသတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
17-Mar-2019
သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်တွင် ဈေးဝယ်သွားသည့် အမျိုးသမီးတစ်ဦးကို ၎င်း၏ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်လှီးခဲ့သောကြောင့် မတ်လ ၁၆ ရက်နေ့က သုဝဏ္ဏနယ်မြေရဲစခန်းမှ အပြင်းအထန် နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Mar-2019
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တောင်ကြီးအနီးတွင် မတ်လ ၁၆ ရက်နေ့ ညက လူငယ်သုံးဦး ဓားကိုင်ရမ်းကားပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ် လမ်းဘေးအမှိုက်ပုံကို ဝင်တိုက်သဖြင့် ဒဏ်ရာများရရှိကာ ဖမ်းဆီးခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Mar-2019
တွံတေးမြို့နယ်၊ အိုးဖိုအရှေ့ရပ်ကွက်၊ သာယာကုန်းလမ်းနှင့် အောင်သိဒ္ဓိလမ်းဆုံရှိ အလှူခံမဏ္ဍပ်တွင် လာရောက်သောင်းကျန်းနေသည့်အဖွဲ့ကို သွားရောက်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သည့်အဖွဲ့မှ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Mar-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ငွေလဲဆိုင်တွင် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဒေါ်လာ ၁၀၀ တန် အတုများ ဖမ်းဆီးရမိကြောင်း
14-Mar-2019
လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ်ရှိ မယားပါသမီးဖြစ်သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ရန် နှစ်ကြိမ်ကြံစည်ခဲ့သော အသက် ၃၅ နှစ် အမျိုးသားကို မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Mar-2019
တောင်ငူမြို့နယ်၊ လွိုင်ကော်-လိပ်သိုလ်-တောင်ငူလမ်း လေးမိုင်စစ်ဆေးရေးဂိတ်တွင် မတ်လ ၁၃ ရက်၊ နံနက် ၁ နာရီကျော်က ဟီးနိုးကုန်တင်ယာဉ်တစ်စင်းကို စစ်ဆေးရာမှကျပ် သိန်း၂၈၀၀၀ ကျော်ဖိုးရှိ WY အမှတ်သားပါ မူးယစ်စိတ်ကြွဆေးပြား ဆယ်သိန်းနီးပါး စံချိန်တင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
13-Mar-2019
မန္တလေးမြို့ ၁၆ မိုင်စစ်ဆေးရေးဂိတ်နှင့် ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းမိုင်တိုင် ၂၇/၇ တို့တွင် မတ်လ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကျပ်သန်း ၄၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းများထံမှ သိရသည်။
13-Mar-2019
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၁ ရက် ညနေပိုင်းက Terminal -1 ပြည်ပထွက်ခွာဆောင်၌ တရုတ်နိုင်ငံသားတစ်ဦး ယူဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Mar-2019
မန္တလေးတိုင်း သာစည်မြို့နယ် မုံပင်ကျေးရွာတွင် လင်မယားချင်းစကားများနေစဉ် ဇနီးဖြစ်သူ၏ ဦးလေးက ခင်ပွန်းဖြစ်သူကို တုတ်နှင့် ဝင်ရိုက်သဖြင့် မတ်လ ၁၁ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ယင်းမြို့နယ်ဆေးရုံထံမှ သိရသည်။
11-Mar-2019
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် မတ်လ ၁၁ ရက် နံနက် ၁ နာရီက နိုင်ငံခြားသား အမျိုးသားသုံးဦးထံမှ ကျပ်သန်း ၁၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
11-Mar-2019
ချော်လဲရာမှ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိသဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် တက်ရောက်ကုသနေစဉ် သေဆုံးခဲ့သည့် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေး၏ အမှုကို စုံစမ်းစစ်ဆေးရာမှ ဖခင်အရင်းဖြစ်သူ၏ ဂေါက်ရိုက်တံဖြင့် ရိုက်နှက်မှုကြောင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။
11-Mar-2019
ပဲခူးမြို့နယ်၊ အင်းတကော်မြို့ အမှတ် ၅ ရပ်ကွက်၊ နိုင်သာကျေးရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် မတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက အလှူငွေမထည့်သည့်ကိစ္စ ပြောဆို၊ စကားများရာမှ လူသတ်မှုဖြစ်ခဲ့ကြောင်း အင်းတကော်နယ်မြေရဲစခန်းထံမှ သိရှိရသည်။
11-Mar-2019
မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ယနေ့(မတ်လ ၁၁ ရက်)နံနက်ပိုင်းက အရက်ကြောင်နေသည့် အစ်ကိုက ညီအရင်းကို ဓားဖြင့်ခုတ်သတ်၍ ညီသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
10-Mar-2019
တရုတ်နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများသို့ တရားမဝင် လာရောက်လုပ်ကိုင်သည့် မြန်မာလုပ်သား လုပ်သား ၃၃၀၀ ကျော်ကို တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က ပြောကြားသည်။